Thursday, October 7, 2010

မြတ်သော တောထွက်တော်မူခြင်း



မြတ်ဗုဒ္ဓရဲ့ ဗုဒ္ဓ၀င်ကို လေ့လာကြည့်မယ်ဆိုရင် သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်တဲ့ သားတော်ရာဟုလာမွေးဖွားပြီး မကြာခင်မှာပဲ တောထွက်တော်မူခဲ့တယ်ဆိုတာ သိရပါတယ်။ အများလက်ခံထားတဲ့ ဗုဒ္ဓ၀င်အလိုအရ ရာဟုလာမွေးတဲ့ည နန်းတွင်းမှာ အခြားသူများ အိပ်ပျော်နေချိန်မှာပဲ တောထွက်တော်မူခဲ့ပါတယ်။

လူသားတစ်ယောက်ရဲ့ တာဝန်တွေ ပျက်ကွက်မှုကြောင့် အနောက်တိုင်း ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီအချက်ကို သိပ်ပြီးတော့ နှစ်သက်ပုံ မပေါ်ပါဘူး။ အမှန်အားဖြင့် လူတစ်ယောက်ဟာ မိသားစုတာဝန် ၊ သို့မဟုတ် ကိုယ့်ရဲ့သားသမီး အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ရမယ့်တာဝန်တွေ မပျက်ကွက်သင့်ဘူးဆိုတာလည်း လောကနိယာမအနေနဲ့ မှန်ပါတယ်။

အရှေ့တိုင်း ဗုဒ္ဓဘာသာဝင်အများစုကတော့ ဗုဒ္ဓ၀င်တော်ရဲ့အလိုအရ သူ့ရဲ့မွေးကင်းစ သားငယ်လေးနဲ့ ဇနီးမယားထက် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်မှုကို ရှာဖွေမယ်ဆိုတဲ့ ခိုင်မာပြက်သားတဲ့ စိတ်ဓာတ်ကို မဏ္ဍိုင်ပြုထားတယ်လို့ ဆိုပါတယ်။
ဒီ တောထွက်ဖို့ရာ ဆုံးဖြက်ချက်နဲ့ ပတ်သက်ပြီး တရားမျှတမှုဆိုတာ မြတ်ဗုဒ္ဓအလောင်းတော်လက်ထက် အိန္ဒိယနိုင်ငံယဉ်ကျေးမှု အတွင်းမှာတည်ရှိနေတဲ့ အယူအဆနှစ်ရပ်မှာ မူတည်ပါတယ်။

ပထမအယူအဆကတော့ ဇနီးမယားနဲ့ သားသမီးများဟာ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်ပါတယ်။
ဒုတိယအယူအဆကတော့ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် သားသမီးနဲ့ ဇနီးမယားဟာ ယောကျာ်းတစ်ယောက်ရဲ့ အတွယ်တာဆုံးပစ္စည်းတွေလည်း ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဘ၀ရဲ့လွတ်မြောက်မှုကို ရှာဖွေရန်အတွက် မွေးကင်းစ ကလေးငယ်နဲ့ ဇနီးမယားကို စွန့်လွတ်ကာ တောထွက်တော်မူခဲ့တယ်ဆိုတာ ယောကျာ်းတစ်ယောက်လုပ်နိုင်တဲ့ အလုပ်တွေထဲက အခက်ခဲဆုံးအလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဘုရားအလောင်းတော်ရဲ့ အစွဲအလမ်းမကြီးမှု ၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရိုးသားမှု၊ မှန်ကန်မှု ၊ မြင့်မြတ်မှု တို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဇာတကဋ္ဌကထာများအလိုအရ သားသမီးနဲ့ ဇနီးမယားကို စွန့်လွတ်ခြင်းဆိုတာ ဘုရားအလောင်းတော်များ မလွဲမသွေ ဖြည့်ကျင့်ရမဲ့ စွန့်ခြင်းကြီးငါးပါးထဲက တစ်ပါး ပါပဲ။ ဂေါတမဗုဒ္ဓအလောင်းတော်ဟာ ဝေဿန္တရာမင်းဘ၀မှာ သားသမီးတို့ကို ရက်စက်ကြမ်းကြုတ်တဲ့ ဇူဇကာပုဏ္ဏားထံလှူပြီး ဇနီးမယားကိုလည်း (သိကြားမင်းဖန်ဆင်းထားတဲ့) ပုဏ္ဏားထံ စွန့်လွတ်လှူဒါန်းခြင်းဖြင့်် ဒါနပါရမီကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓအလောင်းတော်ဟာ လောကသားများအတွက် သံသရာမှ လွတ်မြောက်မှုကို ရှာဖွေချင်တဲ့အတွက်ကြောင့် သူ့ရဲ့ဇနီးမယားနဲ့ သားငယ်ကို စွန့်လွတ်ခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ပြောဆိုကြပါတယ်။ သို့သော် မြတ်ဗုဒ္ဓအလောင်းတော် ကိုယ်ကျိုးမငဲ့ဘဲ လောကသားအားလုံးအတွက် သံသရာမှ လွတ်မြောက်မှုကို ရှာဖွေခဲ့တယ်လို့ ရှေးဟောင်းကျမ်းစာတွေက ရှင်းလင်းတိကျစွာ ဖော်ပြမထားပါဘူး။ ဒါကြောင့် သိဒ္ဓတ္ထမင်းသားဟာ လောကသားများအတွက် သေခြင်းကင်းရာကို ရှာဖွေမယ်ဆိုပြီး ဇနီးမယားနဲ့ သားငယ်ကို စွန့်လွတ်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း အတိအကျပြောလို့မရပါဘူး။

ဗုဒ္ဓ၀င်များမှာ ခြယ်မှုန်းဖော်ပြထားတဲ့အတိုင်း သိဒ္ဓတ္ထမင်းသားရဲ့ မူလစိတ်ဓာတ်ဟာ သူတစ်ယောက်တည်းအတွက် အိုခြင်း ၊ နာခြင်း၊ သေခြင်းများမှ လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ပါပဲ။ သိဒ္ဓတ္ထမင်းသား တောထွက်ရာမှာ “ တစ်လောကလုံးအတွက်” ဆိုတဲ့ စေတနာ သဒ္ဓါတရားပါတယ်လို့ ပြောရတာ ခက်ခဲပါတယ်။

မြတ်ဗုဒ္ဓ နဲ့ သူ့ရဲ့စွန့်လွတ်မှုများ ထင်ရှားလာတဲ့အခါမှသာ နောက်ပိုင်းကျမ်းစာတွေက တောထွက်မူခြင်းအကြောင်းကို အကျယ်တ၀င့်ဖော်ပြကြတာပါ။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ကိုယ်ကျိုးစွန့်ပြီး တောထွက်ခဲ့တယ်ဆိုရင်တောင် ဘုရားဖြစ်တော်မူပြီးနောက်ပိုင်းမှာ တချို့အချက်တွေကို နားလည်ရခက်ခဲပါတယ်။

ဘာကြောင့်လည်းဆိုတော့ မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် အခြားသူများကိုလည်း သူတို့ရဲ့ ဇနီးမယား သမီးသားများကို စွန့်လွတ်ပြီး ရဟန်းဘောင်မှာ နေဖို့ တိုက်တွန်းတော်မူခဲ့တာတွေကို တွေ့ရပါတယ်။ ဒီအကြောင်းအရာ အချို့ကို သုတ္တနိပါတ၊ ဓမ္မပဒဂါထာ ၃၄၅၊ ၃၄၆ နဲ့ သံယုတ္တနိကာယတို့မှာ တွေ့နိုင်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ သာသနာတော်မှာ ပထမဆုံးဝင်ရောက်လာကြတဲ့ ရဟန်းတော်များရဲ့ အချို့ဇနီးမယားများဟာ “ ရဟန်းဂေါတမဟာ ငါတို့ မိသားစုများအား ခွဲခွာပြီး ငါတို့ယောကျာင်္းတွေကို သွေးဆောင်ဖြားယောင်းကာ ဇနီးမယားနဲ့ သားသမီးတွေရဲ့အဝေးကို ခေါ်သွားတယ် ” လို့ စွပ်စွဲပြစ်တင်ကြပါတယ်။ သို့သော် မြတ်ဗုဒ္ဓဟာ တရားဓမ္မနှင့်အညီ လူအများကို လက်ခံယုံကြည်ကိုးကွယ်စေသူလို့ ပြောနိုင်ပါတယ်။

သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ဥဒါနသုတ္တန်မှာ ရဟန်းငယ်တစ်ပါး တရားထိုင်နေစဉ် မှာ သူ့ရဲ့ဇနီးမယားဟောင်းက မိသားစုကို ထောက်ပံ့ဖို့ လာပြောတယ်လို့ ဆိုပါတယ်။ အဲဒီရဟန်းတော်ရဲ့ ဇနီးမယားဟောင်းဟာ သူနဲ့ သူ့သားသမီးများကို ထောက်ပံ့ပေးဖို့ အကြိမ်ကြိမ်ပြောသော်လည်း ရဟန်းငယ်ဟာ သူ့ရဲ့ ဇနီးမယားကို လှည့်မကြည့်ပါဘူး။ နောက်ဆုံးမှာတော့ ရဟန်းငယ်ရဲ့ မယားဟောင်းဟာ သူ့မရဲ့ တောင်းဆိုမှုကို လက်လျော့ပြီး အဝေးကို ထွက်သွားပါတော့တယ်။

မြတ်ဗုဒ္ဓဟာ ဒီအကြောင်းကို သိတော်မူသော်လည်း ရဟန်းငယ်အား လူထွက်ကာ မိသားစုကို ပြုစုထောက်ပံ့ပေးဖို့ တိုက်တွန်းတော်မမူခဲ့ပါဘူး။ ထို့အပြင် ရဟန်းငယ်ရဲ့ မတုန်မလှုပ် ခိုင်မြဲတဲ့ စိတ်ဓာတ်ကို ဂါထာတစ်ပုဒ်နဲ့ ချီးမွမ်းလိုက်ပါတယ်။
အမှန်တကယ်တော့ လူတွေရဲ့အလားအလာကို မှန်ကန်စွာ သိမြင်ပြီး ဘ၀လွတ်မြောက်မှု ရနိုင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအား သိနိုင်တဲ့ စွမ်းရည်တွေ မြတ်ဗုဒ္ဓမှာ ရှိတယ်လို့ ပြောလို့ရပါတယ်။

များသောအားဖြင့် မြတ်ဗုဒ္ဓဟာ လူ့ဘောင်ကို စွန့်ခွါပြီး ရဟန်းဘောင် တက်လှမ်းဘို့ တိုက်တွန်းရာမှာ လက်ရှိဘ၀မှာ တစ်မဂ် တစ်ဖိုလ် ရနိုင်တဲ့ သူတွေကိုသာ တိုက်တွန်းတော်မူတာပါ။

ဒီရှုထောင့်က ကြည့်မယ်ဆိုရင် လူတစ်ယောက်မှာ တာဝန်နှစ်ခုရှိပါတယ်။ ပထမ တာဝန်ကတော့ မိသားစုနဲ့ ဆွေမျိုးတို့ကို ပြုစုထောက်ပံ့ရမယ့် တာဝန်ပါပဲ။ ဒုတိယတာဝန်ကတော့ အဖန်ဖန်အထပ်ထပ် ပြန်လည်မွေးဖွားခြင်းမှ လွတ်မြောက်ရာ၊ ဒုက္ခအားလုံးရဲ့ကုန်ဆုံးရာလမ်းကို မိမိကိုယ်တိုင် သွားရန်ဆိုတဲ့ လေးနက်တဲ့ တာဝန်ပါ။

မိသားစု စားဝတ်နေရေးတွေအားလုံးအတွက် လူတစ်ယောက်တည်းအပေါ်မှာ တည်မှီနေတယ်ဆိုရင် အဲဒီလို လူမျိုးကို မြတ်ဗုဒ္ဓက ရဟန်းဝတ်ဖို့ တိုက်တွန်းတော်မမူပါဘူး။

တကယ်တော့ မြတ်ဗုဒ္ဓဟာ ဇနီးမယားအပေါ်မှာ ပြုကျင့်ရမယ့် ယောကျာ်းကောင်းတစ်ယောက်ရဲ့ တာဝန်၊ သားသမီးများအပေါ်မှာ ပြုကျင့်ရမယ့် ဖခင်ကောင်းတစ်ယောက်ရဲ့တာဝန် တွေကို သိင်္ဂါလောဝါဒသုတ် ၊ ဒီဃနိကာယ် ၃၁ မှာ ဟောတော်မူခဲ့ပါတယ်။
ဒီသုတ်တော်ကို ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓဟာ မိသားစုကောင်းကျိုးအတွက် ယောကျာ်းကောင်းတစ်ယောက်ရဲ့ တာဝန်၊ ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်တွေကို ဥပေက္ခာပြုတော်မမူဘူး ဆိုတာ သိနိုင်ပါတယ်။

ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့ဖခင်အရင်း သို့မဟုတ် မွေးစားဖခင်တစ်ယောက်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းသင့်တယ်ဆိုတာ ဟုတ်ပါတယ်။ သို့သော်လည်း အိန္ဒိယနိုင်ငံရဲ့ ရိုးရာဓလေ့အရတော့ တာဝန်တွေ ၀တ္တရားတွေနဲ့ ချည်နှောင်ထားတာကို လက်မခံပါဘူး။

လူတစ်ယောက်ဟာ မိမိနိုင်ငံတော်ကို အခြားနိုင်ငံတွေက ခြိမ်းခြောက်နေတဲ့အချိန်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်က သူ့ကို လိုအပ်နေချိန်မှာ စစ်ထဲကို ၀င်လိုက်ပါတယ်။ သူ စစ်ထဲကို ၀င်လိုက်သောအားဖြင့် သူဟာ အချိန်မရွေးသေသွားနိုင်ပြီး သူ့ရဲ့သားသမီးများဟာ ဖခင်မဲ့ဘ၀နဲ့ ကြီးပြင်းနိုင်ပြီး ဇနီးမယားလည်းပဲ မုဆိုးမ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးကို အပြစ်မမြင်သင့်ပါဘူး။ တကယ်တော့ ဒီလိုလူမျိုးကို ကိုယ်ကျိုးစွန့်သူ စစ်မှန်တဲ့ သတ္တိရှိသူလို့ လူအများက ပြောကြမှာပါပဲ။

ဒီလိုဆိုရင် မြတ်ဗုဒ္ဓအလောင်းတော်ဟာ သူ့ရဲ့ မိသားစုနဲ့ သူ့ရဲ့တရားတွေကို လက်ခံတဲ့သူတွေအတွက် အကျိုးကျေးဇူးများစွာရှိနိုင်တဲ့ သဗ္ဗညုတဥာဏ်ကို ရှာဖွေရန်၊ မတည်မြဲတဲ့ သံသရာကနေ ထွက်မြောက်ရာလမ်းကို ရှာဖွေရန် တောထွက်တော်မူခဲ့တာကို အပြစ်မမြင်သင့်ပါဘူး။

လူတစ်ယောက်ရဲ့ အမြင့်ဆုံးတာဝန်ဟာ မိသားစုတာဝန် သားသမီးဇနီးမယားအပေါ်မှာ ပြုကျင့်ရမဲ့ တာဝန်ထက် သံသရာကနေ မိမိကိုယ်တိုင်လွတ်မြောက်အောင် အားထုတ်ခြင်းလို့ သုတ္တန်ဒေသနာ အတော်များများမှာ ဟောတော်မူထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓအလောင်းတော် တောထွက်တော်မူခဲ့တာကို ငါတို့ လက်ခံရပါမယ်။ သို့သော် အရှေ့တိုင်း ဗုဒ္ဓဘာသာနိုင်ငံအများစုကတော့ သားသမီးနဲ့ ဇနီးမယားကို စွန့်လွတ်ပြီး ရဟန်းဘ၀ ကူးပြောင်းလာသူ အတော်ရှားပါတယ်။

လောကနိယာမ တစ်ခုအနေနဲ့ကတော့ ဖခင်တစ်ယောက်ဟာ တောမထွက်ခင် သူ့ရဲ့သားသမီးအရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ်မှာကိုယ်ရပ်တည်နိုင်တဲ့ အချိန်အထိ စောင့်သင့်ပါတယ်။ ဘိက္ခုနီမ ( သီလရှင်) ဖြစ်ချင်တဲ့ မိခင်တစ်ယောက်ဟာလည်း ဖခင်နည်းတူ သားသမီးများ အရွယ်ရောက်တဲ့အထိ စောင့်သင့်ပါတယ်။


Bhikkhu Bodhi Thera ၏

The Buddha’s great renunciation ကို ဘာသာပြန်ပါသည်။

Read More...

Wednesday, September 15, 2010

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဗုဒ္ဓဘာသာအမြင်



ဗုဒ္ဓဘာသာဟာ အမှန်တကယ် ဘ၀နေနည်းဖြစ်ပါတယ်။ ဒုက္ခတွေရဲ့ လွန်မြောက်ရာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် မြင့်မြတ်တဲ့ နိဗ္ဗာန်နှင့်သာ ဘောင်ခတ်ထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဟာ သတ္တ၀ါတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့မှာလည်း များစွာအထောက်အကူပြုပါတယ်။ သကျမုနိမြတ်ဗုဒ္ဓ ဟာ နိုင်ငံရေးသမား မဟုတ်ပေမဲ့ မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတော်များထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တရားတွေ တွေ့နိုင်ပါတယ်။ အမှန်တကယ်အားဖြင့်လည်း မြတ်ဗုဒ္ဓဟောတော်မူထားသည့် နိုင်ငံရေးနှင့် ပတ်သက်သည့် တရားတော်များဟာ လောကသားများအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

ဇာတကဋ္ဌကထာမှာပါသည့် တစ်ချို့ဇာတ်တော်များထဲမှာ လူမှုအဖွဲ့အစည်းများအတွင်း ငြိမ်းချမ်းမှုတည်ဆောက်နည်း ၊ ပေါင်းသင်းဆက်ဆံနည်းတို့ကို အုပ်ချုပ်သူ ဘုရင်များအား အကြံပေးထားသည်များကိုလည်း တွေ့နိုင်ပါတယ်။ မြတ်ဗုဒ္ဓပေးတော်မူသည့်အကြံဥာဏ်များဟာ အမှန်တကယ်တန်ဘိုးရှိပြီး လိုက်နာကျင့်သုံးရင် အကျိုးရလာဒ်များစွာရှိပါတယ်။
မြတ်ဗုဒ္ဓဟာ သတ္တ၀ါတွေအားလုံးအပေါ်မှာ မေတ္တာ ကရုဏာ အလွန်ထားတော်မူပါတယ်။ ကိုယ်ကျင့်သီလမကောင်းဘဲ ရလာတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို မြတ်ဗုဒ္ဓက အားပေးတော်မမူပါဘူး။ လူမှုရေး နိုင်ငံရေး တိုးတက်နေတဲ့ နေရာအရပ်ဒေသများမှာသာ ကိုယ်ကျင့်သီလကောင်းတဲ့ ပျော်ရွှင်မှုများ ဖြစ်လာနိုင်တယ်လို့ မြတ်ဗုဒ္ဓက ယုံကြည်တော်မူပါတယ်။ ဒီလို ပျော်ရွှင်ချမ်းမြေ့မှုရှိမှလည်း မြင့်မြတ်ပြီး တန်ဖိုးရှိတာပါ။

တချို့က မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ကိုယ်ကျင့်သီလထက် အတွေးအခေါ်ပိုင်းတွေက ပိုများတယ်လို့ ထင်ကြပါတယ်။ မြတ်ဗုဒ္ဓမတိုင်ခင် အိန္ဒိယနိုင်ငံမှာ ကိုယ်ကျင့်သီလနဲ့ ပတ်သက်တဲ့ တရားတွေ များစွာရှိပါတယ်။ အဲဒီ များပြားလှတဲ့ ကိုယ်ကျင့်သီလတွေကို နည်းစနစ်ကျကျ ဥပဒေသသတ်မှတ်ပြဌာန်းပေးခဲ့သူကတော့ မြတ်ဗုဒ္ဓပါပဲ။

တကယ်တော့ မြတ်ဗုဒ္ဓဟာ အတွေးအခေါ်ပိုင်း သက်သက်တွေထက် ကိုယ်ကျင့်သီလပိုင်းကို ပိုပြီးဦးစားပေးတဲ့ ဘာသာတရားကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်များထဲမှာ လောကသားများအတွက် ဘောင်ခပ်မထားတဲ့ မကောင်းမှုကို ကောင်းမှုနဲ့ အစားထိုးခြင်း၊ ဒုစရိုက်ကို သုစရိုက်နဲ့ အစားထိုးခြင်း၊ မုန်းတီးမှုကို ချစ်ကြည်မှုနဲ့ အစားထိုးခြင်း စတဲ့ ကိုယ်ကျင့်တရားဘက်ကို ဦးစားပေးတဲ့ ဒီမိုကရေစီနည်းလမ်းတွေ တွေ့နိုင်ပါတယ်။

အမှန်တကယ်အားဖြင့်လည်း မြတ်ဗုဒ္ဓဟာ ဒီမိုကရေစီဝါဒီ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ သူ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်းမှာ “ဓမ္မ” နဲ့ “၀ိနယ” ဟာ သူ့ရဲ့တပည့်သာဝက အားလုံးအတွက် ဆရာဖြစ်လိမ့်မယ်လို့ မိန့်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့နေရာတော်မှာ ဆက်ခံမယ့် တပည့်တစ်ဦးတစ်လေကိုမှ ခန့်မထားခဲ့ပါဘူး။ သာသနာရေးဆောင်ရွက်ချက်မှန်သမျှဟာ ရဟန်းတော်အားလုံးရဲ့ အခန်းကဏ္ဍအနေနဲ့ ပြုလုပ်ရပြီး ရဟန္တာပုဂ္ဂိုလ်ဖြစ်နေစေဦးတော့ တစ်ဦးတည်း မိမိစိတ်ကြိုက် ပုဂ္ဂလဓိဌာန် အနေနဲ့ ဆောင်ရွက်ခွင့်မရှိဘူးလို့ မိန့်တော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီလို ဒီမိုကရေစီနည်းကျ စီစဉ်ဆောင်ရွက်ခဲ့မှုကြောင့်ပင် ဗုဒ္ဓသာသနာတော်ရဲ့အောင်လံတံခွန်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်သည့်တိုင်အောင် ရဟန်းသံဃာတော်တွေရဲ့ သမဂ္ဂစိတ်ဓာတ်အောက်မှာ သန့်ရှင်းစင်ကြယ်စွာ ပျံ့လွင့်ဆဲပါပဲ။
မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များထဲမှာ ကိုယ်ကျင့်သီလဘက်ကို အလေးထားပြီး ဟောကြားထားတဲ့ ဓမ္မပဒဂါထာများကိုလည်း တွေ့နိုင်ပါတယ်။

န ဟိ ဝေရေန ဝေရာနိ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ ဧသ ဓမ္မော သနန္တနော။ (ဓမ္မပဒ ဂါထာ ၅)

အဓိပ္ပါယ်ကတော့ “ ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းချမ်းကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ ရန်တုံ့မမူသဖြင့် ရန်ငြိမ်းချမ်းသည် ရှေးအစဉ်အလာ ဓမ္မတာသဘောပင် ဖြစ်သည်” လို့ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက “လူတစ်ယောက်ဟာ အခြားသူများကို လွှမ်းမိုးဖို့ ၊ ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားနေသမျှ ငြိမ်းချမ်းမှု ပျော်ရွှင်မှုတွေဟာ ဖြစ်လာမှာ မဟုတ်ဘူးလို့”
မိန့်တော်မူခဲ့ပါတယ်။

ဇယံ ဝေရံ ပသ၀တိ၊ ဒုကံ္ခ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။ ( ဓမ္မပဒ ဂါထာ ၂၀၁)

အဓိပ္ပါယ်ကတော့ “အတိုက် အခိုက် အတုအပြိုင် ဟူသမျှ၌ အနိုင်ရသော သူမှာ ရန်များ၏။ အရှုံးခံရသောသူသည် ဆင်းရဲငြိငြင်စွာ နေရ၏။ ကိလေသာ ငြိမ်းပြီးသော သူသည် အောင်ခြင်း ရှုံးခြင်း သဘောနှစ်ပါးကို ပယ်ရှား၍ ချမ်းသာစွာ နေရ၏” လို့ဖြစ်ပါတယ်။

အက္ကောဓေန ဇိနံ ကောဓံ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန သစ္စေနာလိကာဝါဒိနံ။ (ဓမ္မပဒ ဂါထာ ၂၂၃)


အဓိပ္ပါယ်ကတော့ “အမျက်ထွက်တတ်သောသူကို အမျက်မထွက်ခြင်းဖြင့် (မေတ္တာဖြင့်) အောင်ရာ၏။ မကောင်းသောသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန်ပြောဆိုတတ်သောသူကို မှန်ကန်သောစကား ပြောဆိုခြင်းဖြင့် အောင်ရာ၏” လို့ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းလမ်းတွေ ညွှန်ပြထားတဲ့တရားတော်များကို သုတ္တန်ပိဋကတ်တော်မှာ အမြောက်အမြားတွေ့နိုင်ပါတယ်။ အဲဒီထဲက သုတ္တန်နှစ်ခုကို ဖော်ပြချင်ပါတယ်။ ပထမဆုံးဖော်ပြချင်တဲ့ သုတ္တန်ကတော့ ဒီဃနိကာယ်မှာပါတဲ့ ကူဋဒဏ္ဍသုတ်တော်ပဲ ဖြစ်ပါတယ်။
ဒီ သုတ်တော်မှာ ရာဇ၀တ်မှုများ နည်းမှ လူအများရဲ့ စီးပွားရေး တိုးတတ်ကောင်းမွန်နိုင်ကြောင်း ဟောထားတာကို တွေ့နိုင်ပါတယ်။

အလုပ်ရှင်နှင့် အလုပ်သမားတို့ကြားမှာ ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံရေးရှိပြီး အလုပ်ရှင်အနေနှင့် မိမိအလုပ်သမားတို့ကို လစာ ရိက္ခာ လုံလောက်အောင်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးခြင်းနှင့် အားပေးစကားများ ပြောကြားခြင်း စသည်ဖြင့် မိမိအလုပ်သမားတို့ကို ကြည့်ရှုစောင့်ရှောက်သင့်ပုံများကို ဟောတော်မူထားပါတယ်။ အုပ်ချုပ်သူများအနေဖြင့် ရာဇ၀တ်မှုများနည်းပါးပြီး နိုင်ငံသူ နိုင်ငံသားများ ကြီးပွားချမ်းသာမယ့်နည်းလမ်းတွေကို ပြုလုပ်ပေးရမယ့်အကြောင်း ညွန်ပြထားတာ တွေ့နိုင်ပါတယ်။

ဒုတိယဖော်ပြချင်တဲ့ သုတ္တန်ကတော့ စက္က၀တ္တိသီဟနာဒ သုတ်တော်ပဲ ဖြစ်ပါတယ်။ ဒီသုတ္တန်မှာလည်း အုပ်ချုပ်သူများဟာ ဆင်းရဲသားများရဲ့ လိုအပ်ချက်တွေကို ဥပေက္ခာပြုထားမယ်ဆိုရင် ခိုးမှုနှင့် အခြား ကြီးလေးတဲ့ ပြစ်မှုများ ပေါ်ပေါက်လာနိုင်ပြီး တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခတွေနဲ့ ကြုံရနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဆင်းရဲသားများကို ခွဲခြားမှု မရှိဘဲ ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် စီးပွားရေး အခြေခံပြဿနာများ ပြေလည်သွားပြီး လူနေမှုအဆင့်အတန်းနှင့် လူမှုရေးအခြေအနေများ တိုးတက်လာနိုင်ပါတယ်။ အုပ်ချုပ်သူများဟာ အနေနဲ့ လူသားတွေအတွက်သာမက အခြား ကြက် ငှက် စတဲ့ သတ္တ၀ါများအပေါ်မှာ မေတ္တာထားသင့်ပုံအကြောင်းများကိုလည်း ဒီသုတ္တန်မှာ ဟောထားပါတယ်။

ဗုဒ္ဓ၀ါဒနှင့် ဒီမိုကရေစီဝါဒဟာ အလွန်ကို နှီးနွယ်ဆက်စပ်မှု ရှိပါတယ်။ ဘီစီ ခြောက်ရာစု မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အိန္ဒိယနိုင်ငံမှာ ကွဲပြားခြားနားတဲ့ အုပ်ချုပ်မှုများ ရှိခဲ့ပါတယ်။ နိုင်ငံကြီး နိုင်ငံငယ် အသွယ်သွယ်မှာ သက်ဦးဆံပိုင်စနစ်၊ ပဒေသရာဇ်စနစ် စသည်ဖြင့် စနစ်များစွာလည်း ရှိပါတယ်။

မြတ်စွာဘုရားရဲ့ခမည်းတော် သုဒ္ဓေါဓနမင်းကြီးသည်ပင် ကောသလတိုင်း အပါအ၀င်ဖြစ်တဲ့ သကျနိုင်ငံတော်ကို အုပ်ချုပ်ခဲ့ဖူးပါတယ်။ မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလည်း တောမထွက်ခင် ၁၃ နှစ်တိုင်တိုင် သကျနိုင်ငံတော်မှာ ဘုရင်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓလက်ထက်တော်က သမ္မတစနစ်နဲ့ အုပ်ချုပ်တဲ့ လိစ္ဆ၀ီနိုင်ငံတော် ရှိခဲ့ဖူးပါတယ်။ လိစ္ဆ၀ီမင်းများဟာ အဖွဲ့အစည်းစနစ်နဲ့ အုပ်ချုပ်ပြီး အကြီးဆုံးဖြစ်သူကို ဘုရင်အဖြစ်တင်မြှောက်ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ သမ္မတစနစ်ရဲ့ ကောင်းကျိုးများကို ဟောကြားထားပြီး သက်ဦးဆံပိုင် အုပ်ချုပ်ရေးရဲ့ အန္တရာယ်များကိုလည်း ဖော်ပြထားပါတယ်။

ဝေသာလီပြည် ကရဏ္ဍတောအုပ်မှာ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူစဉ် ဟောတော်မူခဲ့တဲ့ “အပရိဟာနိယဓမ္မ”ဟာလည်း စိတ်ဝင်စားစရာပါပဲ။
နောက်ပိုင်းမှာ “အပရိဟာနိယဓမ္မ” ကို လိစ္ဆ၀ီမင်းတို့ လိုက်နာကျင့်သုံးမှု ရှိ၊ မရှိ အရှင်အာနန္ဒာအား မြတ်ဗုဒ္ဓက မေးတော်မူခဲ့ပါတယ်။ လိစ္ဆ၀ီမင်းတို့ လိုက်နာကျင့်သုံးကြောင်း အရှင်အာနန္ဒာ လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “အာနန္ဒာ လိစ္ဆ၀ီမင်းတို့ အချိန်မှန်မှန် မကြာခဏ စည်းဝေးတိုင်ပင် နေမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံတော်ဟာ မဆုတ်ယုတ်ဘဲ တိုးတက်နိုင်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

ဒီလို စည်းဝေးသောအခါမှာလည်း ညီညွတ်မှုရဲ့ အရေးပါပုံကို “ အာနန္ဒာ လိစ္ဆ၀ီမင်းတို့ ညီညီညွတ်ညွတ်လာပြီး စည်းဝေးတိုင်ပင်ကာ ညီညီညွတ်ညွတ် ပြန်သွားကြမယ်ဆိုရင်၊ အလုပ်ကိစ္စတွေကို ညီညီညွတ်ညွတ် ပြုလုပ်ဆောင်ရွက်ကြတယ်ဆိုရင် သူတို့ရဲ့နိုင်ငံတော်ဟာ မဆုတ်ယုတ်ဘဲ တိုးတက်နိုင်တယ်” လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။

ီ “အပရိဟာနိယဓမ္မ” ဟာ လောကသားအားလုံးအတွက် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နည်းကို မြတ်ဗုဒ္ဓက ပြတော်မူလိုက်တာပါပဲ။
နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အလိုဆန္ဒတွေကို အလေးထားဆောင်ရွက်ဖို့အတွက် မကြာခဏစည်းဝေးတိုင်ပင်မှုဆိုတာ လွန်စွာ လိုအပ်ပါတယ်။ အဲဒီလို မကြာခဏစည်းဝေးတိုင်ပင်ရာမှာလည်း လိုက်နာရမယ့် “အပရိဟာနိယဓမ္မ” တွေကို လိစ္ဆ၀ီမင်းတို့အား မြတ်ဗုဒ္ဓဟောတော်မူထားတာ တွေ့နိုင်ပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အလိုအရ လူတိုင်းဟာ မိမိတို့ရဲ့အမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်များဟာလည်း စိတ်ရဲ့ လွတ်လပ်မှုကို ဦးစားပေးပါတယ်။ ဒါကြောင့်မို့လို့ စိတ်ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီနည်းလမ်းဟာ လွန်စွာ ဆက်စပ်ပတ်သက်မှု ရှိပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ စိတ်ရဲ့လွတ်လပ်မှုတစ်ခုတည်းကိုသာ အမြင့်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်မထားဘူးဆိုတာ နာလည်းထားရပါမယ်။ ဗုဒ္ဓဘာသာမှာ စိတ်ရဲ့လွတ်လပ်မှုထက် မြင့်မြတ်တဲ့ ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ပြီးပြည့်စုံတဲ့ နောက်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားပါတယ်။

Danister I Fernando ၏
The Buddhist concepts of democratic governance ကို ဘာသာပြန်ပါသည်။

Read More...

Wednesday, September 8, 2010

ဗုဒ္ဓ၀ါဒနှင့် သက်သတ်လွတ်ဝါဒ

မစ္ဇျိမနိကာယ်၊ ဂဟပတိဝဂ်၊ ဇီဝကသုတ္တန်ဟာ သမားတော်ကြီးဇီဝကကို အကြောင်းပြုပြီး ဟောတော်မူထားတာပါ။ သူ့အသက်သတ်ခြင်းနဲ့ အသားငါးစားသုံးခြင်းကို မြတ်စွာဘုရား လက်ခံတော်မူတယ်ဆိုတာ ဟုတ်ပါသလား လို့ သမားတော်ကြီးဇီဝက က မြတ်စွာဘုရားကို မေးလျှောက်ခဲ့ပါတယ်။

မြတ်စွာဘုရားက အဲဒီအယူအဆဟာ မှားတယ်လို့ ပြောတော်မူလိုက်ပါတယ်။ အထူးသဖြင့် ရဟန်းတော်များကို ကပ်ဖို့ရန်ရည်ရွယ်၍ သတ္တ၀ါများ သတ်ခြင်းကို မြင်ခြင်း၊ ကြားခြင်း၊ သို့မဟုတ် ယုံမှားသံသယဖြစ်ခြင်း ဆိုတဲ့ အချက်သုံးချက်မှ ကင်းရင် ဘုဉ်းပေးနိုင်တယ်လို့ မိန့်တော်မူခဲ့ပါတယ်။

သမားတော်ကြီးဇီဝကဟာ ရှေးခေတ် အိန္ဒိယပြည် မဂဓနိုင်ငံတော်တွင် ဆေးပညာအရာမှာ လွန်စွာကျွမ်းကျင်သူ ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။ သမားတော်ကြီးဇီဝကဟာ မြတ်စွာဘုရားနှင့်လည်းကောင်း ၊ မဂဓပြည့်ရှင် ဘုရင် ဗိမ္ဗိသာရမင်းနှင့်လည်းကောင်း ဆက်ဆံရသောကြောင့် အလွန်ကျော်ကြား နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

အသားငါးစားသုံးခြင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာများဟာ အမြင်အမျိုးမျိုးကွဲပြားနေကြပါတယ်။ တစ်ချို့ကတော့ အသားငါးစားသုံးခြင်းဟာ သတ္တ၀ါတွေကို သတ်တဲ့သူနှင့် မထူး အကုသိုလ်ဖြစ်တာချင်း အတူတူပဲလို့ ဆိုပါတယ်။ အသားငါးများကို တကယ်လို့သာ မစားဘူးဆိုရင် သတ္တ၀ါတွေကို သတ်ဖြတ်ရောင်းချနေတဲ့သူတွေဟာလည်း အဲဒီအလုပ်ကို လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့က အထက်ပါအမြင်ကို ဆွဲကိုင်ထားတာပါ။

အခြားတစ်ဖက်ကကြည့်ရင်လည်း အသားငါး စားသုံးခြင်းကို အခြေအနေသုံးခုရဲ့ အောက်မှာခွင့်ပြုထားတာကို တွေ့ရပါတယ်။ အဲဒီအခြေအနေတွေက
(၁) ရဟန်းတော်တွေ ဘုဉ်းပေးဖို့ရန်အတွက် သတ္တ၀ါတွေကို သတ်တယ်လို့ မမြင်ရင်၊ မကြားရင် ၊ ယုံမှားသံသယမဖြစ်ရင် ဘုဉ်းပေးနိုင်ပါတယ်။
(၂) အသားငါးတွေကို ဈေးမှာရောင်းချနေတာဖြစ်တာမို့ ရဟန်းတော်တွေအတွက် သီးသန့် စီစဉ်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
(၃) ရဟန်းတော်များဟာ လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ၀ံသား၊ အောင်းသားဆိုတဲ့ အသားကြီးဆယ်မျိုးကို မဘုဉ်းပေးရပါဘူး။

တကယ်လို့ ကြက်တစ်ကောင်ဟာ ကားရှေ့က ဖြတ်ပြေးလို့ ကားနင်းမိကာ သေသွားတယ်ဆိုပါစို့။ အဲဒီ ကြက်ရဲ့အသားကို ဗုဒ္ဓဘာသာမှာ စားသုံးဖို့ ခွင့်ပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဟာ မတော်တဆ သေတာဖြစ်ပြီးတော့ သူ့ရဲ့အသားဟာလည်း တြိကောသိ ပရိသုဒ္ဓမံသ သံသယသုံးပါးမှ လွတ်ပြီး စင်ကြယ်တဲ့ အသားဖြစ်လို့ပါပဲ။

တစ်ခါတုန်းက မြတ်စွာဘုရားကို တော်လှန်ပုန်ကန်ခဲ့တဲ့ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရဲ့တပည့်သံဃာတော်များ သူတို့ဘ၀တစ်လျှောက်လုံး အသားငါးမစားရလို့ ပညတ်တော်မူပါရန် လျှောက်ထားခဲ့ပါတယ်။
မြတ်စွာဘုရားက အရှင်ဒေ၀ဒတ်ရဲ့လျှောက်ထားချက်ကို လက်မခံခဲ့ပါဘူး။ မြတ်စွဘုရားက သူ့ရဲ့တပည့်သံဃာတော်များ အသားငါး စားခြင်း ၊ မစားခြင်းမှာ ကိုယ်တိုင်လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကြောင်း မိန့်တော်မူလိုက်ပါတယ်။

ရဟန်းတော်များအနေနဲ့ သူတို့ကို ရည်ရွယ်ပြီးစီစဉ်ထားတာ မဟုတ်ဘူး ဆိုရင် ဘုဉ်းပေးနိုင်တယ်လို့ မိန့်တော်မူလိုက်ပါတယ်။ မြတ်စွာဘုရားက ဒကာ ဒကာမများ အပ်စပ်အောင် ပြုလုပ်ပြီး လှူဒါန်းတဲ့အခါမှာ ရဟန်းတော်များ အသားငါး မစားရလို့ အရေးကြီးတဲ့ ၀ိနည်းဥပဒေတော်အနေနဲ့ မပညတ်ခဲ့ပါဘူး။

မြတ်စွာဘုရားဟာ သူ့ရဲ့ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကိုလည်း ဘုရင်ရဲ့အမိန့်တော် တစ်ခုအနေနဲ့ စားဖို့ရန်အတွက်ဖြစ်စေ၊ ယဇ်ပူဇော်ဖို့ရန်ဖြစ်စေ အသားငါးများကို မသတ်ရလို့ တားမြစ်မိန့် သတ်မှတ်ပြဌာန်းဖို့ မိန့်ကြားတော်မူထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက အသားငါးသတ်တဲ့သူတွေကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားပါတယ်။
သို့သော်လည်း သတ္တ၀ါများကို သတ်ရန်အတွက် တမင်တကာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကူညီခြင်း၊ သို့မဟုတ် အားပေးခြင်း စတဲ့ အပြုအမူများဟာလည်း မကောင်းတဲ့အပြုအမူ အကုသလကမ္မဘက်ကို ဦးတည်နေတယ်လို့ မိန့်တော်မူခဲ့ပါတယ်။

ဘ၀ဆိုတာ ရခဲတဲ့အတွက်ကြောင့် အသက်ရှိနေတဲ့ သတ္တ၀ါအားလုံးဟာ နှိပ်စက်ခံရမှာ သို့မဟုတ် အပြစ်ပေးခံရမှာ ကြောက်ကြပါတယ်။ အဲဒါကြောင့် သတ်တဲ့သူနဲ့ အသတ်ခံရမယ့်သူတို့ရဲ့ကြားမှာရှိတဲ့ ကွဲပြားမှုတို့ကို နှိုင်းယှဉ်ကြည့်ဖို့လည်း မြတ်စွာဘုရားက မိန့်တော်မူခဲ့ပါတယ်။ တစ်စုံတစ်ယောက်ဟာ သတ္တ၀ါတစ်ကောင်ကိုသတ်ဖို့ကြိုးစားတဲ့အခါမှာ အဲဒီသတ္တ၀ါကလည်း ထွက်ပြေးလွတ်မြောက်ရန်အတွက် ကြိုးစားအားထုတ်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ အဲဒီသတ္တ၀ါအတွက် အသက်ရှင်နေရတဲ့ဘ၀ဟာ ရခဲလို့ပါ။ အစားအစာအတွက် သတ္တ၀ါတွေကို ဖန်ဆင်းခဲ့တယ်ဆိုရင် ဘာကြောင့်ထွက်ပြေးရတာလဲ? သတ္တ၀ါတွေဟာလည်း နာကျင်မှု ဒုက္ခတွေခံစားရင်း သေရမှာကို ကြောက်ပါတယ်။ ဒါဟာ အရှင်းလင်းဆုံး နိယာမ တစ်ခုပါ။

တကယ်လို့ ထာဝရဘုရားသခင်က သတ္တ၀ါတွေကို အစားအစာအတွက် ဖန်ဆင်းခဲ့တယ်ဆိုရင် သူတို့ဟာ လုံးဝကို သေရမှာ ကြောက်မှာ မဟုတ်ပါဘူး။ ဘူးညွန့် ဖရုံညွန့်တွေကို သွားခူးတဲ့အခါမှာ သူတို့ဟာ ထွက်မပြေးပါဘူး။ ဒါကြောင့် ကိုယ်တိုင်နာကျင်မှာ ကြောက်သလို အခြားသတ္တ၀ါများ နာကျင်မယ့် အရာတွေကိုလည်း မပြုလုပ်သင့်ပါဘူး။ ဒါဟာ ရွှေစည်းမျဉ်းပါပဲ။

သမားတော်ကြီးဇီဝကကောမာရဘဇ္ဇဟာ အသားငါး စားခြင်းနဲ့ ပတ်သက်ပြီး ကောင်း ၊ မကောင်း အငြင်းပွားဖွယ်အချက်ကို တိကျစွာ သိရန် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဘုဉ်းပေးရန်အတွက် သတ္တ၀ါများ အသတ်ခံရပါတယ်။ မြတ်စွာဘုရားကလည်း သိတော်မူလျှက်နှင့်ပင် ယင်း အသားငါးများကို ဘုဉ်းပေးတော်မူသည်လို့ တပည့်တော်ကြားရပါသည်ဘုရား ၊ အဲဒါ မှန်ပါသလား” လို့ လျှောက်ထားခဲ့ပါတယ်။

မြတ်စွာဘုရားက “ ဇီဝက တကယ်လို့ ရဟန်းတော်များအတွက် သီးသန့်ရည်ရွယ်ချက်နဲ့ စီစဉ်တာလို့ မြင်ရင် ၊ ကြားရင်၊ ယုံမှား သံသယဖြစ်ရင် မစားနဲ့လို့ ငါ မကြာခဏ ဟောခဲ့ပါတယ်။ ရဟန်းတော်များအတွက် သီးသန့်စီစဉ်တာ မဟုတ်ဘဲ အပ်စပ်တဲ့ အသားငါး ဆိုရင် ဘုဉ်းပေးသုံးဆောင်နိုင်တယ်လို” မိန့်တော်မူလိုက်ပါတယ်။

အသားငါး စားသုံးတာနဲ့ ပတ်သက်ပြီး ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များ စိတ်မသိုးမသန့်ဖြစ်ခြင်း၊ လိပ်ပြာမလုံဖြစ်ခြင်းတို့အတွက် အထက်ပါ ဇီဝကသုတ္တန်ကို ကိုးကားနိုင်ပါတယ်။

မြတ်စွာဘုရားက ဗုဒ္ဓဘာသာအားလုံး သက်သက်လွတ်စားရမယ်လို့ တိုက်တွန်းတော်မမူခဲ့ပါဘူး။ သက်သက်လွတ်စားရုံတစ်ခုတည်းနှင့် လူတစ်ယောက်ဟာ ကြင်နာခြင်း၊ ရိုကျိုးခြင်း၊ ယဉ်ကျေးခြင်းနှင့် ဘာသာရေးစိတ်ဓာတ်များ ခိုင်မာခြင်း စတဲ့ လူ့အရည်အသွေးများ ဖွံ့ဖြိုးရန် အကူအညီမပေးပါဘူး။ ဗုဒ္ဓဘာသာဝင်များ အသားငါးစားသုံးမှုနဲ့ ပတ်သက်ပြီး အပြစ်မြင်တဲ့သူတွေကတော့ ငါးပါးသီလထဲက ပထမဆုံးသီလကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြတ်စွာဘုရား သက်တော်ရှစ်ဆယ် အရွယ်ရောက်တဲ့အခါ ကုသိနာရုံပြည်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူရန်အတွက် တပည့်သံဃာတော်များနှင့် ပါဝါမြို့ကို ကြွသွားခဲ့ပါတယ်။ လမ်းခရီးမှာ စုန္ဒပန်းပဲသမားက မြတ်စွာဘုရားနဲ့ သံဃာတော်များကို ဆွမ်းကပ်ပါတယ်။

“သူကရမဒ္ဒ၀” လို့ ခေါ်တဲ့ စားဖွယ်တစ်မျိုးကို မြတ်စွာဘုရားအတွက် သီးသန့်စီစဉ်ပြီးကပ်ပါတယ်။ ယင်း “ သူကရမဒ္ဒ၀” ကို ၀က်သားဟင်း သို့မဟုတ် ၀က်များ ကြိုက်သည့် စားဖွယ်တစ်မျိုး သို့မဟုတ် ၀က်များ စားလေ့ရှိသော့ မှိုတစ်မျိုးလို့ ဘာသာပြန်ကြပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင်ဖြစ်တဲ့ Prof. Rhys Davids ရဲ့ အလိုအရကတော့ ၀က်များ ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ မည်သည့်အမျိုးအစားပဲ ဖြစ်စေ မြတ်စွာဘုရားကတော့ ယင်း “သူကရမဒ္ဒ၀” ကို သံသယမဖြစ်ဘဲ ဘုဉ်းပေးတော်မူခဲ့ပါတယ်။ အဲဒီ ဆွမ်းကို ဘုဉ်းပေးပြီးနောက်မှာတော့ မြတ်စွာဘုရားဟာ ယခုခေတ်အခေါ် “၀မ်းကိုက်နာ” လို့ခေါ်တဲ့ “လောဟိတပက္ခဒီပ” ဝေဒနာကို ခံစားခဲ့ရပါတယ်။

မဟာယာနဗုဒ္ဓဘာသာကျမ်းစာ တစ်ခုဖြစ်တဲ့ လင်္ကာဝတာရသုတ်တော်အရ ဘုရားအလောင်းတော်များဟာ သူတိုကိုယ်တိုင် ဖြူစင်သန့်ရှင်းဖို့နဲ့ သတ္တ၀ါတွေကို မေတ္တာတရား သက်ဝင်သည့်အတွက်ကြောင့်သက်သတ်လွတ်စားကြတယ်လို့ဆိုပါတယ်။
အသားငါးစားသုံးခြင်းဟာသတ္တ၀ါတွေကိုဆင်းရဲနာကျင်စွာသေစေတတ်တယ်လို့လည်း သူတို့က ဆိုပါတယ်။ အထက်ပါ သုတ္တန်အရပင် မဟာယာနဗုဒ္ဓဘာသာတွင် ဘုရားအလောင်းများဟာ အသားငါးစားသုံးခြင်းကို ရှောင်ကြဉ်ကြခြင်း ဖြစ်ပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာများကတော့ သက်သတ်လွတ်စားသုံးတဲ့သူနည်းပြီး မြတ်စွာဘုရားကိုယ်တိုင်ကလည်း သက်သတ်လွတ်စားသုံးရမယ်လို့ ၀ိနည်း ဥပဒေမချမှတ်၊ မပညတ်ခဲ့ဘူးလို့ ဆိုပါတယ်။ သက်သတ်လွတ်စားသုံးတယ်ဆိုတာ အာဟာရဖြစ်စေတဲ့ အစားအစာများကို စားသုံးပြီး အသားငါးများကို ရှောင်ကြဉ်ခြင်းပါပဲ။

အသားငါး မစားသူများကို သက်သတ်လွတ်သမားများဟု ခေါ်နိုင်ပါတယ်။ သက်သတ်လွတ်စားသုံးသူများဟာ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပါသည့် အစားအစာများကို စားကြသောကြောင့် အစုံစားသူများထက် ပို၍ ကျန်းမာရေး ကောင်းကြပါတယ်။
သို့သော်လည်း သက်သတ်လွတ်သမားများသည် ကဲလ်ဆီယံဓာတ်၊ သံဓာတ်နှင့် ဗီတာမင်ဓာတ်ပါတဲ့ အစားအစာများကို ချင့်ချိန်ပြီး စားသုံးရတဲ့အတွက်ကြောင့် အချို့ပြဿနာများ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့်ပင် သက်သတ်လွတ်စားသုံးသူများကို အစားအသောက်မျှတစေရန်အတွက် နို့စသည်တို့ကို စားသုံးရန် အကြံပေးကြခြင်းဖြစ်ပါတယ်။

သီရိလင်္ကာရဟန်းတော်များကို ဆွမ်းစားပင့်တဲ့အခါ ကြက်သားဟင်း ချက်ကပ်ဖို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ ဒီလိုပြောဆိုခြင်းဟာ အသားငါးစားသုံးခြင်းနှင့်ပတ်သက်ပြီး မြတ်စွာဘုရားချမှတ်ခဲ့တဲ့ ၀ိနည်းဥပဒေတော်နှင့် ဆန့်ကျင်ပါတယ်။ ဒါပေမဲ့ တောတောင်တွေမှာ တောရဆောက်တည်နေတဲ့ ရဟန်းတော်များကတော့ အဲဒီလို ပြောဆိုလေ့ မရှိပါဘူး။ သို့သော်လည်း သီရိလင်္ကာရဟန်းအများစုကတော့ အသားငါး ဘုဉ်းပေးရတာကို ပိုပြီးတော့ နှစ်သက်ပါတယ်။

Buddhism and vegetarianism ကို ဘာသာပြန်ပါသည်။

Read More...

Monday, August 30, 2010

ဗုဒ္ဓဘာသာရှုထောင့်မှ မိဘတာဝန်များ




သားသမီးများရဲ့ ကောင်းကျိုးချမ်းသာကို တွေ့မြင်ရရန်အတွက် မိဘများမှာ တာဝန်ရှိပါတယ်။ သားသမီးများကို အမှန်တကယ်ချစ်သော၊ သားသမီးများအပေါ် အမှန်တကယ် တာဝန်ကျေပွန်သော မိဘများဟာ ပျော်ရွှင်ချမ်းမြေ့မှုများ ရှိလာအောင် ပြုလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ သားသမီးများ မှန်ကန်သည့်လမ်းကို ဦးတည်စေရန် ပထမဆုံး မိဘကိုယ်တိုင်က စံပြအဖြစ်၊ စံနမူနာအဖြစ် တည်ရှိရပါမယ်။ ကိုယ်ကျင့်တရား မကောင်းသည့်မိဘများထံမှ ကိုယ်ကျင့်တရားကောင်းသည့် သားသမီးများ ရလာဖို့ မျှော်လင့်နေလို့ မဖြစ်နိုင်ပါဘူး။

အတိက်ကံ ပစ္စုပ္ပန်ကံများရဲ့ သက်ရောက်မှုအပြင် မိဘများရဲ့ အပြုအမူများကလည်း သားသမီးများအပေါ် အဓိကအားဖြင့် သက်ရောက်မှု ရှိပါတယ်။ တာဝန်ကျေပွန်ချင်တဲ့ မိဘများဟာ သူတို့ရဲ့ သားစဉ်မြေးဆက် မလိုလားအပ်တဲ့ အပြုအမူတွေ ဆင့်ပွားဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ သိင်္ဂါလောဝါဒသုတ်တော်အရ မိဘများ ပြုလုပ်ရမယ့် တာဝန်ငါးမျိုးရှိပါတယ်။

ပထမဆုံးတာဝန်ကတော့ သားသမီးများ မကောင်းမှုမပြုလုပ်အောင် တားဆီးပိတ်ပင်ခြင်းပါပဲ။

သားသမီးများအတွက် အိမ်ဟာ ပထမဆုံးကျောင်းဖြစ်ပြီးတော့ မိဘများဟာ လက်ဦးဆရာများပါပဲ။ သားသမီးများဟာ များသောအားဖြင့် ကောင်းတဲ့အမူအရာ မကောင်းတဲ့ အမူအရာများကို မိဘများထံမှ သင်ယူလေ့ရှိပါတယ်။ သတိမပြုမိတဲ့ မိဘများဟာ သူတို့ရဲ့သားသမီးများ ငယ်စဉ်တောင်ကျေးကလေးငယ်ဘ၀မှာပင် လိမ်ခြင်း၊ ညာခြင်း၊ မရိုးသားခြင်း၊ သိက္ခာကျစေမယ့်စကားများ ပြောဆိုခြင်း၊ လက်စားချေခြင်း၊ အရှက်အကြောက်ကင်းမဲ့ခြင်း စသော အခြေခံကျတဲ့ အပြုအမူများကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်သောအားဖြင့် ဖြစ်စေ ပေးမိတတ်ပါတယ်။

ဒုတိယတာဝန်ကတော့ သားသမီးများ ကောင်းမှုပြုလုပ်အောင် ဆွဲဆောင်ပေးခြင်းပါပဲ။

သားသမီးများအတွက် မိဘများဟာ အိမ်မှာ ဆရာဖြစ်ပြီး ကျောင်းမှာ ဆရာများဟာ မိဘများဖြစ်ပါတယ်။ မိဘနှင့် ဆရာနှစ်ဦးလုံးဟာ တစ်ချိန်မှာ သူတို့နေရာကို ရောက်လာမယ့် သားသမီးများရဲ့ အနာဂတ်ကာလမှာ ကောင်းကျိုးချမ်းသာတွေ ရရှိအောင် လုပ်ပေးဖို့ရန် တာဝန်ရှိပါတယ်။ ယနေ့လူငယ်ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ကလေးငယ်များဟာ လူကြီးများ ဖြစ်လာမှာပါ။

ကလေးငယ်များရဲ့ စိတ်ကို ပြုပြင်လို့ ရတဲ့အရွယ်မှာ သူတို့ဟာ အရွယ်ရောက်ပြီးသူများရဲ့ အပြုအမူများကို အတုယူလေ့ရှိပါတယ်။ ကလေးငယ်များဟာ အရွယ်ရောက်သူများ မျှဝေပေးတဲ့ ဗဟုသုတကို ရမှာပါပဲ။ ကလေးငယ်များရဲ့ စိတ်ထဲမှာ အရွယ်ရောက်သူများရဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအခေါ် အယူအဆတွေ လွှမ်းမိုးနေပါတယ်။ အဲဒါကြောင့် မိဘ ဆရာသမားများဟာ အိမ်နှင့် ကျောင်း နှစ်နေရာလုံးမှာ ကလေးငယ်များနဲ့ သဟဇာတဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ တာဝန်ရှိပါတယ်။

ကလေးငယ်များရဲ့ လူပျိုပေါက်အရွယ် အပျိုပေါက်အရွယ်မှာ မိဘများဟာ ကလေးများရဲ့ စိတ်ထဲမှာ ရိုးရှင်းမှု၊ နာခံမှု၊ စုပေါင်းလုပ်ဆောင်မှု၊ ညီညွတ်မှု၊ သတ္တိရှိမှု၊ အနစ်နာခံမှု၊ ရိုးသားမှု၊ ဝေယျာဝစ္စဆောင်ရွက်မှု၊ ကိုယ့်အားကိုယ် ကိုးမှု၊ ကြင်နာမှု၊ ချွေတာမှု၊ ကျေနပ်ရောင့်ရဲမှု၊ ဘာသာတရားအပေါ် စိတ်အားထက်သန်မှု၊ ကိုယ်နှုတ်အမူအရာ ကောင်းမှု စသော ကိုယ်ကျင့်တရားများလည်း တစ်ဆင့်ပြီး တစ်ဆင့် စွဲမြဲကျင့်သုံးလာအောင် ပြုလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ကိုယ်စိုက်တဲ့ မျိုးစေ့အတိုင်းပဲ အပင်ပေါက်ပြီး အသီးသီး သီးလာပါလိမ့်မယ်။

တတိယတာဝန်ကတော့ သားသမီးများကို ပညာသင်ကြားပေးခြင်းပါပဲ။

မိဘများ သားသမီးများအပေါ်ပေးနိုင်တဲ့ အမွေများထဲမှ ပညာမွေ ဟာ အကောင်းဆုံးပါပဲ။ ပညာထက် မြတ်တဲ့ ရတနာဆိုတာ လောကမှာ မရှိပါဘူး။ သားသမီးများအတွက် မိဘများပေးလိုက်သော ပညာမွေဟာ အကောင်းဆုံး ဆုလာဘ်ပါပဲ။ ဒါကြောင့် သားသမီးများကို ပညာမွေပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘာသာရေးပတ်ဝန်းကျင်မှာ ထားသင့်ပါတယ်။ ဒီလို ဘာသာရေး ပတ်ဝန်းကျင်မှာ ထားလိုက်ခြင်းအားဖြင့် သားသမီးများရဲ့ဘ၀မှာ အကျိုးသက်ရောက်မှု အများကြီး ရှိပါတယ်။

စတုတ္ထတာဝန်ကတော့ သားသမီးများ သင့်လျော်တဲ့အချိန်မှာ ထိမ်းမြားလက်ထပ်ပေးခြင်းပါပဲ။

ထိမ်းမြားလက်ထပ်ခြင်းဆိုတာ ဘ၀တစ်လျှောက်လုံးနဲ့ သက်ဆိုင်ပြီး အလွန်လေးနက်တဲ့ အမှုကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ထိမ်းမြားလက်ထပ်ခြင်းကို လွယ်လွယ်ကူကူနဲ့ မပြုလုပ်သင့်ပါဘူး။ ဒီနေရာမှာ ထိမ်းမြားလက်ထပ်ခြင်းကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရပါမယ်။ လက်မထပ်ခင် နှစ်ဦးနှစ်ဘက်မှ အဆင်ပြေနေရပါမယ်။

ဗုဒ္ဓဘာသာထုံးထမ်းစဉ်လာအရ ထိမ်းမြားလက်ထပ်ခြင်းဟာ နှစ်ဘက်မိဘများမှာ တာဝန်များရှိပါတယ်။ နှစ်ဘက်မိဘများဟာ ခေါင်းမမာသင့်ပါဘူး။ လိမ္မာသိုသိပ်စွာနဲ့ ငြိမ်းချမ်းစွာနေနိုင်အောင် ဆောင်ရွက်ပေးရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် အချင်းချင်း အပြန်အလှန် အပြစ်တင်ပြီး အခြားဂယက်ရိုက်ခက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဂယက်ရိုက်ခက်မှုတွေဟာ ကလေးတွေအပေါ်မှာ ကူးစက်သွားနိုင်ပါတယ်။

နောက်ဆုံးတာဝန်ကတော့ သင့်လျှော်တဲ့အချိန်မှာ မိဘများရဲ့ အမွေအနှစ်များကို သားသမီးများအား လွှဲပြောင်းပေးခြင်းပါပဲ။

မိဘများဟာ ထိန်းသိမ်းစောင့်ရှောက်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ပြီး ချစ်နေရုံသာမက သားသမီးများရဲ့ အနာဂတ် ပျော်ရွှင်ချမ်းမြေ့စေဖို့လည်း ပြင်ဆင်ထားရပါမယ်။ မိမိတို့ ပင်ပန်းဆင်းရဲစွာ ရှာဖွေပြီး ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ပစ္စည်းဥစ္စာများကို သားသမီးများအား ငြိုငြင်မှုမရှိဘဲ လွှဲပြောင်းပေးရပါမယ်။

ဘာသာတရားရဲ့ ကရုဏာ

ဗုဒ္ဓဘာသာဟာ ကရုဏာတရား ရှေးရှုတဲ့ ဘာသာတရား ဖြစ်ပါတယ်။ မိဘများဟာ သားသမီးများကို လမ်းညွှန်ပြသပေးဖို့လည်း မေ့မနေသင့်ပါဘူး။ မိဘများဟာ သားသမီးများ ကြီးပြင်းလာတဲ့အခါမှာ မြတ်ဗုဒ္ဓဟော်ကြားတော်မူသည့် ဗြဟ္မစိုရ်တရားများကို ကျင့်သုံးသင့်ပါတယ်။ အဲဒီ ဗြဟ္မစိုရ်တရားများကတော့ မေတ္တာ ၊ ကရုဏာ၊ မုဒိတာ နှင့် ဥပေက္ခာ တို့ပဲဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားလေးပါးကို ကောင်းစွာလိုက်နာကျင့်ကြံလို့ရှိရင် မိဘများဟာ သားသမီးများရဲ့နောက်ပိုင်းကာလတွေမှာ လွယ်ကူစွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

မိဘများအတွက် အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရမှာကတော့ ကလေးတစ်ယောက်ကို သင့်လျော်တဲ့ပညာသင်ပေးခြင်းပါပဲ။ ပညာသင်ကြားပေးခြင်းကတော့ လူနဲ့တိရစ္ဆာန် ကွဲပြားသွားစေတဲ့အချက်တစ်ခုပါပဲ။ တိရစ္ဆာန်တစ်ကောင်ဟာ သူ့ရဲ့ရင်သွေးကို ကောင်းမွန်စွာစောင့်ရှောက်သလို လူသားမိဘတစ်ယောက်ဟာလည်း မိမိရဲ့သားသမီးများကို ကောင်းစွာပြုစုမွေးမြူဖို့ တာဝန်ရှိပါတယ်။

စိတ်ကိုယဉ်ကျေးအောင်ပြုလုပ်ရခြင်းဟာ လူတစ်ယောက်အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲလို့ မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ မိဘများဟာ သားသမီးများရဲ့စိတ်ပိုင်းဆိုင်ရာကိုတတ်ဖို့ရန်အတွက် တာဝန်ရှိပါတယ်။ လူတစ်ယောက် နိုင်ငံ့သားကောင်း ဖြစ် မဖြစ်ဆိုတာ သူရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံွံ့ဖြိုးတိုးတတ်မှုအပေါ်မှာ မူတည်ပါတယ်။

ကလေးများ လမ်းလျှောက်တတ်ခါစအရွယ် သူတို့လိုချင်တာကို ပြောမပြနိုင်တဲ့အရွယ်မှာ ငိုယိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။ မိဘများဟာ ကလေးကို ဗြဟ္မစိုရ်တရားလေးပါးရဲ့ အစဆုံးဖြစ်တဲ့ မေတ္တာတရားနဲ့ ပြုစုစောင့်ရှောက်နိုင်ရပါမယ်။

ကလေးများ နည်းနည်းရင့်ကျက်လာတဲ့ ဆယ်ကျော်သက်အရွယ်မှာ မိဘများဟာ ကရုဏာတရားနဲ့ ဆက်ဆံသင့်ပါတယ်။ ပျိုဖော်ဝင်ချိန် အပျံသင်စအရွယ်ဖြစ်တဲ့ ကလေးများဟာ ထိန်းသိမ်းရ အတော်လေးခက်ခဲပါတယ်။ မြီးကောင်ပေါက်အရွယ်မှာ ကလေးများဟာ ပုန်ကန်လိုစိတ် ဒေါသစိတ်တွေများပြီး မိဘများရဲ့ ဆိုဆုံးမှုများမှာလည်း အချည်းနှီးဖြစ်တတ်ပါတယ်။ ဒါဟာ သဘာဝတရားဖြစ်ပြီးတော့ ကလေးများဟာ တဇွတ်ထိုး လုပ်ချင်ရာ လုပ်ပြီး မိဘများကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး။

ကလေးများ အရွယ်မရောက်ခင်မှာ စာမေးပွဲနှင့် အခြားသော အားကစား စတာတွေက အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။ အဲဒီအခါမှာ မိဘများ ကျင့်သုံးရမယ့် ဗြဟ္မစိုရ်တရားကတော့ မုဒိတာ ပါပဲ။

ကလေးများ အရွယ်ရောက်ပြီး ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်အလုပ်နှင့် ဖြစ်နေတဲ့အခါမှာ မိဘများဟာ ဗြဟ္မစိုရ်တရားလေးပါးထဲက နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာတရားကို ကျင့်သုံးရပါမယ်။ ကလေးများရဲ့ အိမ်မှုကိစ္စ စတာတွေမှာ မိဘများက ၀င်ရောက်ပြီးတော့ နှောက်ယှက်မှု မပြုသင့်တော့ပါဘူး။

ဗြဟ္မစိုရ်တရားလေးပါးကို ညီညီမျှမျှ ကျင့်သုံးသွားမယ်ဆိုရင် မိဘများရဲ့ ဘ၀ဆည်းဆာဟာ အေးချမ်းပါလိမ့်မယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ မျိုးဆက်များရဲ့ ရိုသေလေးစားမှုကိုလည်း ရပါလိမ့်မယ်။ ဒီဗြဟ္မစိုရ်တရားလေးပါးကို ကျင့်သုံးတဲ့ မိသားစုဟာ ငြိမ်းချမ်းပျော်ရွှင်မှုအစစ်အမှန်ကို ရနိုင်ပါတယ်။

Duties of parents a Buddhist perspective ကို ဘာသာပြန်ပါသည်။

Read More...

Sunday, August 22, 2010

ဗုဒ္ဓဘာသာနှင့် အမျိုးသမီးများ

ရည်ရွယ်ချက်

၁။ ကလေးသူငယ်များ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် အမျိုးသမီးများ အပေါ်ထားရှိသည့် သဘောထားများကို သိရန်
၂။ ကလေးသူငယ်များ ဗုဒ္ဓဘာသာမှာ အမျိုးသမီးများ အတွက် လမ်းဖွင့်ထားသည့်အကြောင်းကို သိရန်

ဟိန္ဒူဘာသာတွင် ဟိန္ဒူလူမျိုးများသည် လူတွေရဲ့ အကောင်း အဆိုးများဟာ သူတို့မွေးဖွားခြင်းနဲ့ သူတို့မိသားစု အပေါ်မှာ မူတည်တယ်လို့ ယုံကြည်ကြတယ်။ အဲဒါကြောင့် ဗြဟ္မဏတွေဟာ မွေးဖွားခြင်း တစ်မျိုးတည်းသာ မြင့်မြတ်တယ် ဖြူစင်တယ်လို့ အယူရှိကြတယ်။ ဗြဟ္မဏအမျိုးအနွယ်တွေသာ ပညာသင်ကြားနိုင်ပြီး အမြတ်ဆုံးအသိဥာဏ်တွေကို ရနိုင်တယ် ( လို့ ယုံကြည်ကြတယ်။ ) ဇာတ်နိမ့်သော သူများဟာ ဗြဟ္မဏတွေလို မလုပ်နိုင်ကြပါဘူး။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်( မြတ်စွာဘုရား လက်ထက်)ကလူမျိုးရေးခွဲခြားသည့်ဇာတ်စနစ်များပျောက်ကွယ်သွားအောင်၊ တန်းတူညီမျှစိတ်ထားများရှိအောင်အားထုတ်ကြိုးပမ်းတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားဟာ လူသားတွေရဲ့ တိုးတတ်မှုကို နှောက်ယှက်တဲ့ ဇာတ်စနစ်ကို ပြင်းထန်စွာ ကန့်ကွက်ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။ မြတ်စွာဘုရားဟာ ညီအစ်ကို မောင်နှမစိတ်ဓာတ် ၊ တန်းတူညီမျှ စိတ်ဓာတ်၊ တန်းတူညီမျှ လွတ်မြောက်ရေးစိတ်ဓာတ်တို့ကို ဖြန့်ခဲ့ပါတယ်။

မြတ်စွာဘုရားရဲ့လူမျိုးရေးအယူအဆမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
မွေးဖွားခြင်းကြောင့် ယုတ်ညံ့လာသူမဟုတ်
မွေးဖွားခြင်းကြောင့် မြင့်မြတ်လာသူမဟုတ်
အလုပ်ကြောင့်သာ ယုတ်ညံ့လာသူ ဖြစ်သည်
အလုပ်ကြောင့်သာ မြင့်မြတ်လာသူ ဖြစ်သည်

မြတ်စွာဘုရားအလိုတော်အရ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လာဖို့အတွက် ၊ ရဟန်းတော်တစ်ပါးဖြစ်လာဖို့အတွက် ၊ ရဟန်းမ ( သီလရှင် ၊ ဘိက္ခုနီမ) ဖြစ်လာဖို့အတွက် ဇာတ်စနစ်ဖြင့် ပိတ်ပင်တားဆီးမထားပါဘူး။

အားလုံးအတွက် လမ်းဖွင့်ထား

ဗုဒ္ဓဘာသာဟာ အဆင့်အတန်းပေါင်းစုံကလူအားလုံးအတွက် လမ်းဖွင့်ထားပါတယ်။ လူသားအားလုံးကို လွတ်လပ်စွာ သာသနာဘောင်သို့ ၀င်ခွင့်ပြုထားပြီး ၊ အခွင့်အရေးလည်း တန်းတူ ၊ အဆင့်အတန်းလည်း တန်းတူပင် ဖြစ်ပါတယ်။ သံဃအဖွဲ့အစည်းဆိုတာ ဒီမိုကရေစီဝါဒရဲ့ ပြယုဂ်ပင် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးကျွန်စနစ်ကို တိုက်ဖျက် ၊ ဖြိုချခဲ့သူဟာ မြတ်စွာဘုရားသာ ဖြစ်ပါတယ်။

မြတ်စွာဘုရားဟာ အမျိုးသမီးများ၏ အခွင့်အရေးကို မြှင့်တင်ပေးခဲ့ပါတယ်။ မြတ်စွာဘုရားဟာ လူမှုအဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ အရေးပါမှုတို့ကို ယူလာ (ဖော်ပြ) ခဲ့ပါတယ်။ မြတ်စွာဘုရားဟာ အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို နှိမ့်ချမထားပါဘူး သဘာဝအားဖြင့် အမျိုးသမီးဆိုတာကို လက်ခံပါတယ်။ မြတ်စွာဘုရားဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ မွေးရာပါအရည်အချင်းများကို မြင်ပါ (သိပါ) တယ်။

ဒါကြောင့် မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အမျိုးသားနှင့် အမျိုးသမီးတွေကို အဆင့်အတန်းတူ လက်ခံထားပါတယ်။ မြတ်စွာဘုရားက “ လိင် ဟာ အရိယာ ဖြစ်ဖို့ရန်အဟန့်အတားမဖြစ်ပါဘူး”လို့မိန့်တော်မူခဲ့ပါတယ်။(ဗုဒ္ဓဘာသာပညာ ရှင်များဟာ တစ်ချို့ရဟန်းတော်များကမိန်းမများနှင့်ပတ်သက်ပြီး ကဲ့ရဲ့တဲ့ အသုံးအနှုန်းတွေကို ပိဋကတ်တော်များမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားသကဲ့သို့ ထည့်သွင်းထားဆိုတာ လက်ခံကြပါတယ်။ ) (နှစ်ထောင်ပေါင်းများစွာက အခြေအနေတွေဆိုတာကို ငါ တို့ နားလည်ရမယ်။ )

မြင့်မြတ်တဲ့ ပုဂ္ဂိုလ်

တစ်ခါတစ်လေ ပါဠိအသုံးအနှုန်းမှာ အမျိုးသမီးများကို လူမှုအဖွဲ့အစည်းရဲ့ အမေ သို့မဟုတ် အမေ လို့ အဓိပ္ပါယ်ရတဲ့ “ မာတုဂါမ” လို့ ဖော်ပြပါတယ်။ “အမျိုးသမီးများ ” အထူးအဖြင့် “ အမေများ ” ဟာ ဗုဒ္ဓဘာသာမှာ အလွန်မြင့်မြတ်တဲ့ နေရာမှာ တည်ရှိပါတယ်။ ဗုဒ္ဓဘာသာမှာ အမျိုးသမီးဟာ သူမ လင်ယောကျာင်္းရဲ့ သူငယ်ချင်းကောင်း၊ သို့မဟုတ် ညီမငယ်၊ တစ်ခါတစ်လေ အမေ ၊ သို့မဟုတ် အမှုလုပ် ( ကျွန်မ) အဖြစ်ပါဝင်နေတာ တွေ့နိုင်ပါတယ်။ မြတ်စွာဘုရားက အမေဟာ သားတွေ သမီးတွေရဲ့ နတ်တစ်ပါးအဖြစ် သို့မဟုတ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် သဘောထားပါတယ်။

လူမှုရေး အခြေအနေနဲ့ အချိန်အခါအရ မြတ်စွာဘုရားဟာ အမျိုးသမီးတွေ သာသနာ့ဘောင်သို့ဝင်ရောက်လာမှုကို ပထမမှာ ခွင့်မပြုခဲ့ပါဘူး။ အရှင်အာနန္ဒာ၏ တောင်းပန်လျောက်ထားမှုကြောင့် ဘိက္ခုနီ( ရဟန်းမ) သာသနာကို တည်ထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာမှာ ဘိက္ခုနီ( ရဟန်းမ) တွေဟာ သိက္ခာပုဒ် ၃၁၁ ပုဒ်ကို လိုက်နာရပါတယ်။ မဟာပဇာပတိဂေါတမီဟာ ဗုဒ္ဓဘာသာမှာ ပထမဆုံး ဘိက္ခုနီ ( ရဟန်းမ) ပါပဲ။ သူမဟာ နောင်ခါ ဘုရားဖြစ်လာတဲ့ သိဒ္ဓတ္ထမင်းသားရဲ့ မိထွေးတော် ဖြစ်ပါတယ်။

အားလုံးအတွက် ဘာသာ

ဗုဒ္ဓဘာသာပေါ်ထွန်းမလာခင်အမျိုးသမီးတွေဟာအဆင့်အတန်းနိမ့်တယ်လို့ သတ်မှတ်ခံရပါတယ်။ ဗုဒ္ဓဘာသာက အမျိုးသမီးတွေကို သာသနာ့ဘောင်မှာ လက်ခံလိုက်တဲ့ သတင်းဟာ အလွန်ကို မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဗုဒ္ဓသာသနာမှာ မိန်းမတွေကို လက်ခံလိုက်တဲ့အတွက်ကြောင့် မိဖုရားများ၊ မင်းသမီးများ၊ သူဌေးသမီးများ ၊ သာမာန်မိသားစုမှ မွေးဖွားလာသူများ ၊ မုဆိုးမများ၊ အားကိုးရာမဲ့သော အမျိုးသမီးများ၊ ပြည့်တန်ဆာဖြစ်ခဲ့ဖူးသော အမျိုးသမီးများဟာ သာသနာတော်သို့ ၀င်ရောက်လာပြီး စစ်မှန်သည့်ချမ်းသာ ငြိမ်းချမ်းမှုတို့ကို ရသွားခဲ့ပါတယ်။

သာသနာတော်သို့ ၀င်ရောက်လာသော အမျိုးသမီးများတွင် အများစုဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရာရှာရင်းနဲ့ လွတ်မြောက်မှုတို့ကို ရခဲ့ပါတယ်။ အားကိုးရာမဲ့သော အမျိုးသမီးများ ၊ အကူအညီလိုနေသော အမျိုးသမီးများ မြတ်စွာဘုရားထံရောက်လာတဲ့အခါ မြတ်စွာဘုရားဟာ များသောအားဖြင့် “ညီမ” သို့မဟုတ် “ ညီမများ” ဟူသော စကားများဖြင့် စတင်ပြောဆိုပါတယ်။

မြတ်စွာဘုရားဟာ ကမ္ဘာ့သမိုင်းမှာ အမျိုးသမီးတွေကို လေးစားဖို့ ၊အမျိုးသမီးတွေကို ကူညီဖို့ ကမ္ဘာကြီးရဲ့ အမှန်တရားတွေကို မြင်အောင် အမျိုးသမီးတွေရဲ့ မျက်လုံးဖွင့်ပေးဖို့ ပြောဆိုခဲ့တဲ့ပထမဆုံးဘာသာ ရေးခေါင်းဆောင် ဖြစ်ပါတယ်။

အလှပဆုံး အမျိုးသမီး

အရှင်သာရိပုတ္တရာ နဲ့ အရှင်မဟာမောဂ္ဂလာန်တို့နှစ်ပါးဟာ မြတ်စွာဘုရားဘိက္ခုသာသနာတော်မှာ အဂ္ဂသာဝကများ ဖြစ်သကဲသို့ အရှင်မခေမာထေရီမနဲ့ အရှင်မဥပ္ပလ၀ဏ်ထေရီမတို့ဟာလည်း မြတ်ဗုဒ္ဓ ဘိက္ခုနီသာသနာတော်မှာ အဂ္ဂသာဝိကာများ ဖြစ်ခဲ့ပါတယ်။

အခြားသော အမျိုးသမီးများလည်း မြတ်စွာဘုရားကိုယ်တော်တိုင် သူ့ရဲ့ တပည့်သာဝိကာများ အကြားတွင် ချီးမြှင့်ထောက်ပံ့မှု အများဆုံး စသည်ဖြင့် ဧတဒဂ် (ဘွဲ့ထူး) ချီးမြှင့်ခဲ့ပါတယ်။ ( ဒီလို ဧတဒဂ်( ဘွဲ့ထူး) ချီးမြှင့်ခံရတဲ့ ) အမျိုးသမီးအများစုဟာ အလွန်တော်လွန်းသူများ၊ အလွန်ထက်မြတ်သူများ၊ တရားဟောပြသ ညွှန်ကြားသူများ၊ ပရိယတ္တိစာပေသင်ကြားပြသပေးသူများ ဖြစ်ကြပါတယ်။ အဲဒီအမျိုးသမီးများဟာ မြတ်စွာဘုရားရဲ့ သာသနာတော် အိန္ဒိယနှင့် အာရှဒေသတွေမှာ ပျံ့နှံ့အောင် ကူညီကြပါတယ်။ သူ (သူမ) တို့ဟာ အမျိုးသမီးတွေနဲ့ မိသားစုများအားလုံးကို စိတ်ဓာတ်တွေ ပြောင်းလဲလာအောင် ကူညီနိုင်ကြပါတယ်။

ဥပမာပြောပြရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ ( အလှပဆုံးဖြစ်တဲ့) ၀ိသာခါသူဌေးမပဲ ဖြစ်ပါတယ်။ သူမဟာ ရတနာသုံးပါးအတွက် များစွာလှူဒါန်းထောက်ပံ့ခဲ့ပါတယ်။ သူမ ဘ၀တစ်လျောက်လုံးလည်း အမျိုးသမီးအုပ်စုတွေအကြား ဗုဒ္ဓသာသာတရားတော်များ ပျံ့နှံ့အောင် ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။

သာသာနာပြု အမျိုးသမီးများ

သင်္ဃမိတ္တာထေရီမဟာ မြတ်စွာဘုရားသက်တော်ထင်ရှားမရှိသည့် နောက်ပိုင်း အကြီးမြတ်ဆုံးအိန္ဒိယအင်ပါယာအသောကမင်းတရားကြီးရဲ့ သမီးတော် ဖြစ်ပါတယ်။ သူမဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း ၂၃၀ အကြာမှာ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ခဲ့ပါတယ်။ အရှင်မသင်္ဃမိတ္တာနှင့် အရှင်မဟိန္ဒမထေရ်တို့ဟာ စီလွန် ( သရီလင်္ကာ) ကြွပြီး မဟာဗောဓိပင်ကိုလည်း စိုက်ပျိုးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ အဲဒီအချိန်ကတည်းက စီလွန်( သီရိလင်္ကာမှာ ) ပျံ့နှံ့ခဲ့ပါတယ်။

ယခုအချိန်မှာ ကမ္ဘာကြီးရဲ့နေရာအနှံ့အပြား အထူးသဖြင့် ဥရောပနှင့် အမေရိကန်မှာ အမျိုးသမီးအများစုဟာ ဗုဒ္ဓဘာသာဖြစ်လာပြီး ဘိက္ခုနီဖြစ်လာသူတွေရှိပါတယ်။ သူ (သူမ) တို့ဟာ ဗုဒ္ဓ၏ စာပေတွေကို လေ့လာရင်းနဲ့ တရားအားထုတ်ကြပါတယ်။ ထို့ပြင် သူ( သူမ) တို့ဟာ စေတနာသဒ္ဓါတရားထက်သန်စွာ သူတို့ရဲ့ ( သူမတို့ရဲ့) ဘ၀တစ်လျောက်လုံး လူအများအားမြတ်စွာဘုရားရဲ့တရားတော်များ သင်ကြားပြသပေးကြပါတယ်။

ရရှိနိုင်သော အကျိုးကျေးဇူး

၁။ ကလေးသူငယ်များ အမျိုးသမီးများနဲ့ပတ်သက်ပြီးဗုဒ္ဓဘာသာရဲ့ အယူအဆ သဘောထားများကို သိနိုင်ခြင်း
၂။ ကလေးသူငယ်များ မြတ်စွာဘုရားလက်ထက်တော်က ဗုဒ္ဓဘာသာတွင် အမျိုးသမီးများရရှိသောတန်းတူရည်တူ အခွင့်အရေးနဲ့ပတ်သက်ပြီး သူတို့၏အမြင်များကို ပေးနိုင်ခြင်း

Buddhism and Women ကို ဘာသာပြန်ပါသည်။

Read More...

Wednesday, August 18, 2010

Golden Taungtwin

Centre most noble, land of victory,
The best of lands, peerless town,
Town of ‘a thousand levies’
Taungtwin by name, our golden city,
With its river of a moat, graceful, placid, deep,
And the lotus that bloom forth with the moon.
The city walls look as if strewn with corals,
Then its halls, paths, barricades and four great gates.
The palace with its sixty-cubit crossbeams
Has the pinnacle right in the centre.
Here resides the lord, with the royal family,
Keeping his precepts. There are
Countless famous pagodas, six-rayed temples
Where sacred relics are enshrined:
Intaung, Siykhoun, Htupayoun, and many more.
The other gems, the Doctrine and the Order, abound.
Full of pleasant things is my native place,
The best of places
How like the land of gods it is!

From its very foundation
The town has been a blessed place_
This my native town.
Never have I been to far-away strange places.
Now you, young Khin Nyo, have come to tempt me.
Well, I , Khin U, will answer in my sweet voice. Listen!
It will mean going far far away
Like a bird on flight
Or a bell sound that floats away
Or a man gone to sea
You say it is not so far off
Not the distance a hen may thoughtfully gaze at
Nor the distance a peacock may stare into.
Yet it is far away all the same,
Strange, other peoples’ territory.
You should not tempt me to come with you
We have been here long, so long,
Don’t think you can lure me away.

When it is the season we go visiting places:
To pagodas, to monasteries with ponds in them,
Well-dressed, riding palanquins,
The staffs of rank almost touching one another,
And the shadows mingling wonderfully.
Our have been wealthy families
From the days of the great-grandparents.
My parents are well-to-do people, never in want,
We do business in the market-place
With all manner of people,
People of our land, people from abroad,
People familiar, people strange,
People coming from far and near.
Eight qualifications have I.
Man of Golden Ava, tall man of emerald lustre,
Carelessly you say you love me at first sight
And want to live with me.
Guarded as I am by my dear parents,
How can I come away with you?
Bound fast by affection, firm in my moral habits,
I am not one to be tempted away.

Read More...

တောင်တွင်း ရွှေပြည်

အချာ ပ၀ရ ဌာနအောင်ချက်
ဘူမိနက်၌ နှိုင်းဖက်တုကင်း
ထောင်ပြုခြင်းဝယ် တောင်တွင်းခေါ်မည်
တို့ ရွှေပြည်မူ ယဉ်ကြည်နက်ဆုံး
ကျုံးလည်း သီတာ လှပကြာနှင့်
သန္တာအတိ စီ၏ ဘိသို့
မြို့နှင့် တန်ဆောင်း ရဲလောင်း ရင်တား
တံခါးလေးသွယ် ဖိုင်ဖိုင်ကျယ်၏
ခြောက်ဆယ် ထုပ်ဝါ နန်းတော်မှာလည်း
လယ်ချာ မှန်ကင်း မင်းလည်း ဆွေစုံ
သီလထုံလျက် မွေပုံခြောက်ရောင်
အင်းတောင် စည်းခုံ ထူပါရုံက
စသည် မုဌော ကျော်ဇောဘုရား
ရေသော် များ၏ တရား သံဃာ
ရတနာတည့် ပည်းမျှရှိသား
ဇာတိခေါင်တည် သာမျိုးစည်သည်
နတ်ပြည် တူသမျှ လှည့်သော။

နရာ ပထမ တည်သောစက
ဌာန သေဌ်မြေ ချက်မြှုပ်နေ၍
ဝေးမြေရပ်ထူး မရောက်ဖူးသည်
ရွယ်လူး ခင်ညို သွေးကြည်းဆိုသော်
သံချို ခင်ဦး ပျံ့ပျူးသာယာ
ပြန်ပိမ့် နာလော့ ပမာ ထုံးစံ
ကြောင်းဝေးလံစွ ငှက်ပျံ ခေါင်းလောင်း
ရေကြောင်း ရှာသွား ယောကျာ်းလားသို့
ကြက်ကား တစ်တွေး ဒေါင်းတစ်ငေးမျှ
မဝေးကြဘူး မြေခေါင် ကျူးသား
ရပ်ထူး စွန်နား တစ်ပါး ပြည်ရွာ
သျှင်တို့မှာသို့ လိုက်လာစေကြောင်း
မသွေးကောင်းခဲ့ ရှေးနှောင်း နေတည်
ဆက်စဉ် ရှည်သည်
မှတ်ရည် ယူမဆလှည့်သော။

အခါ သမယ ရောက်လကလည်း
ဌာန ဘုရား ကျောင်းကန်သွားသော်
ဝတ်စား ဆင်ယင် ထမ်းစင် သန်လျင်း
စီးနင်း တစ်သွယ် အံ့ဖွယ် ရိတ်စက်
ကျိုင်းချင်း ယှက်မျှ စဉ်ဆက် ဘေးဘိုး
ဘောင်ရိုး ကုန်ကြွယ် မိဖ၀ယ်လည်း
လိုမယ် မတ ပြည့်စုံလှလျက်
ပြည်ပ ပြည်တွင်း အချင်းခပ်သိမ်း
သူစိမ်း သူကျက် ဆံသက် နီးဝေး
အိမ်ဈေး သဘင် စုံအင် ရှစ်မည်
မယ်၌ တည်လျက် မြရည် ကျိုင်းထွား
ရွှေဝသားလျှင် သနားတစ်ကိုယ်
တူပျော်လိုဟု တွေးချို မဆ
မြင်ကာမျှကို မိဖအုပ်ချုပ်
ကျွန်ုပ်ဘယ်မှာ သျှင့်နောက်ပါအံ့
မေတ္တာမြဲချည် သီလ တည်သည်
ညွတ်ကြည် ချူမရလှည့်သော။ ။

Read More...

Friday, August 13, 2010

တာဝန်နှင့် ၀တ္တရား

တာဝန်နှင့် ၀တ္တရားဟူသော စကားလုံးနှစ်လုံးကို တွဲ၍ သုံးနေကြသော်လည်း အဓိပ္ပါယ်အားဖြင့် မတူညီချေ။ တာဝန်သည် မလုပ် မနေ လုပ်ရမည့် သဘောဖြစ်၏။ တာဝန်၏ သဘောမှာ ရွေးချယ်ခွင့်မရှိချေ။ ၀က်ဖြစ်လျှင် မစင်စားရမည့် သဘောဖြစ်၏။ မိမိတို့ ပတ်ဝန်းကျင်တွင် တာဝန်မကျေပွန်သူ ရှိလာပါက ပြဿနာမျိုးစုံ ဖြစ်လာနိုင်၏။

ဝတ္တရား၏ သဘောမှာ မလုပ်မနေ လုပ်ရမည့် သဘောမဟုတ်ပေ။ မလုပ်ချင်လျှင် မလုပ်ဘဲ နေနိုင်၏။ ၀တ္တရား၏ သဘောမှာ ရွေးချယ်ခွင့်ရှိ၏။ ၀တ္တရား၏ သဘောမှာ ကူညီရိုင်းပင်းခြင်း ဖြစ်၏။ ထို့ကြောင့် မိမိတို့သည် တာဝန်အပြင် ၀တ္တရားလည်း ကျေပွန်အောင် ပြုလုပ်သင့်၏။ သို့မှသာ မိမိတို့ ပတ်ဝန်းကျင် ငြိမ်းချမ်းမည် ဖြစ်၏။ ၀တ္တရားမကျေပွန်သော ပတ်ဝန်းကျင်တွင် စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ အချင်းချင်း လေးစားမှုများကား ရှိလာမည် မဟုတ်ပေ။ ထိုစကားနှစ်လုံးသည် အဓိပ္ပါယ်မတူသကဲ့သိုပင် သက်ရောက်မှုလည်း ကွဲပြား၏။

မိသားစုတစ်ခုတွင် လင်ယောကျာ်း၏ တာဝန်ရှိ၏။ ဇနီးမယား၏ တာဝန်ရှိ၏။ မိဘတာဝန်ရှိ၏။ သားသမီး တာဝန်ရှိ၏။ ဆွေမျိုးတာဝန်ရှိ၏။ လင်မယားနှစ်ယောက်ကြားတွင် တာဝန်ကိုယ်စီ ကျေပွန်ပါက မည်သည့် ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ ထို့အတူ သားသမီးနှင့် မိဘကြားတွင်လည်း ကိုယ်စီ တာဝန်ကျေပွန်ပါက မည်သည့်ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ ထို့အတူ မိမိတို့ မိသားစုနှင့် ဆွေမျိုးများကြားတွင် တာဝန်ကိုယ်စီကျေပွန်နေပါကလည်း မည်သည့် ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ လင်ယောကျာ်းက တာဝန်မကျေလျှင်သော်လည်းကောင်း ၊ ဇနီးမယားက တာဝန်မကျေလျှင်သော်လည်းကောင်း ထိုမိသားစုသည် ငြိမ်းချမ်းပျော်ရွှင်စွာ မနေနိုင်တော့ပေ။ ပြဿနာများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာမည်သာ ဖြစ်၏။ များသောအားဖြင့် လင်မယားများကြားတွင် တာဝန်မကျေမှုမှစ၍ ပြဿနာများ ဖြစ်လာခြင်း ဖြစ်၏။ ထိုသို့ လင်မယားနှစ်ယောက်ကြား ပြဿနာများ ဖြစ်လာသောအခါ စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုရေး စသော အရေးများလည်း ဆုတ်ယုတ်ပျက်ပြားလာမည်သာ ဖြစ်၏။ ထိုသို့ စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုရေး စသောအရေးများ ဆုတ်ယုတ်ပျက်ပြားလာသည်မှာ တာဝန်မကျေမှုက စခြင်း ဖြစ်သည်ဟုဆိုရမည် ဖြစ်၏။

မိသားစုတစ်ခုတွင် တာဝန်မဲ့သူ တစ်ယောက်ပါလာပါက ထိုမိသားစုသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာနိုင်၏။ ထို့အတူ အဖွဲ့အစည်းတစ်ခုတွင် တာဝန်မဲ့သူ တစ်ယောက် ပါလာပါက ထိုအဖွဲ့အစည်းသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာနိုင်၏။ ထိုထက်ပို၍ ပြောရပါလျှင် နိုင်ငံတစ်ခုတွင် တာဝန်မဲ့စွာနေတတ်သည့်သူများ ရှိလာပါကလည်း ထိုနိုင်ငံသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာမည်သာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် မိသားစု တစ်ခုတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုတွင်လည်းကောင်း ၊ နိုင်ငံတစ်ခုတွင်လည်းကောင်း တာဝန်များဖြင့် တည်ဆောက်ထားသောကြောင့်ဖြစ်၏။

အပြန်အလှန်အားဖြင့် မိသားစုတစ်ခုတွင် တာဝန်သိသည့် မိသားစုဝင်များ ပါလာလေ ထိုမိသားစု တိုးတတ်လာလေပင် ဖြစ်၏။ အဖွဲ့အစည်းတစ်ခုတွင်လည်း တာဝန်သိသည့်သူများ ပါလာလေ ထိုအဖွဲ့အစည်း တိုးတက်လေပင် ဖြစ်၏။ နိုင်ငံတစ်ခုတွင်လည်း တာဝန်သိသည့် နိုင်ငံသားများ ပါလာလေ ထိုနိုင်ငံ တိုးတတ်လေပင် ဖြစ်၏။

မြတ်ဗုဒ္ဓသည် သိင်္ဂါလောဝါဒသုတ်တွင် မိဘတာဝန်၊ သားသမီးတာဝန်၊ ဆရာတာဝန်၊ တပည့်တာဝန်၊ စသည်ဖြင့် တာဝန်အသီးသီးကို ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့်မူ သိင်္ဂါလောဝါဒသုတ်ကို လိုက်နာကျင့်ကြံပါက တာဝန်အသီးသီး ကျေပွန်ပြီးသား ပင်ဖြစ်၏။ ထိုကဲ့သို တာဝန်အသီးသီး ကျေပွန်ပါက မည်သည့် ပြဿနာများမှ ဖြစ်မလာပဲ ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံး ချမ်းသာနိုင်မည် ဖြစ်၏။ မြတ်ဗုဒ္ဓညွှန်ပြတော်မူသည့် သိင်္ဂါလောဝါဒသုတ်တော်ကို မကျင့်ဘဲ မိမိတို့ တာဝန်များ မကျေပွန်ပါက ပြဿနာမျိုးစုံ ဖြစ်လာနိုင်ပြီး ပစ္စုပ္ပန်ဘ၀မှာလည်း မကြီးပွားနိုင်သလို သံသရာအတွက်လည်း မကောင်းပေ။

အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဗုဒ္ဓဘာသာများ ကျင့်ကြံအားထုတ်မှသာ အကျိုးပေးသည်မဟုတ် ၊ ကျင့်ကြံအားထုတ်သူတိုင်းအား အကျိုးပေးသောကြောင့် ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များကို တိရ စ္ဆာန်များ လိုက်နာကျင့်ကြံလျှင် တိရ စ္ဆာန်များ ချမ်းသာမည် ဖြစ်၏။ အခြား ဘာသာဝင်များ လိုက်နာ ကျင့်ကြံလျှင်လည်း အခြားဘာသာဝင်များ ချမ်းသာမည် ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို မလိုက်နာ မကျင့်သုံးပါက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလာမည် မဟုတ်ပေ။ ယနေ့ တိုးတက်သော မိသားစုများ၊ အသင်းအဖွဲ့များ နိုင်ငံများကို လေ့လာကြည့်ပါက ဗုဒ္ဓ၏တရားတော်များအတိုင်း လိုက်နာကျင့်ကြံကြသောကြောင့် တိုးတက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်၏။

ထိုသို တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရာတွင်လည်း သူ့အကန့်နှင့်သူ သူ့အတိုင်းအတာနှင့်သူ ပင်ဖြစ်၏။ မိဘတာဝန်ကို သားသမီးက ပြည့်စုံအောင်ဆောင်ရွက်နေ၍ မဖြစ်သလို တပည့်တာဝန်ကိုလည်း ဆရာက ပြည့်စုံအောင် ဆောင်ရွက်၍ မရပေ။ ဆိုလိုသည်မှာ မိမိအလုပ်ကိုသာ မိမိလုပ်ရမည် ဖြစ်၏။

ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်ရမည် ဖြစ်၏။ ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်မှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ချမ်းသာမည် ဖြစ်၏။ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်မှသာ ဘုန်းကြီးအလုပ်ကို လုပ်သော ဘုန်းကြီးများ ကြားတွင် ဘုန်းကြီးပီသစွာ နေနိုင်မည် ဖြစ်၏။

လူသည် လူအလုပ်ကို လုပ်ရမည် ဖြစ်၏။ လူသည် လူအလုပ်ကို လုပ်မှသာ လူအလုပ်ကိုလုပ်၍ လူလိုနေသော လူ့အသိုင်းအ၀ိုင်းတွင် လူပီသစွာ နေနိုင်မည် ဖြစ်၏။ လူသည် လူ့ဘ၀မှာနေလျှက် ဘုန်းကြီးတစ်ပါးကဲ့သို့ ကျင့်ကြံနေထိုင်ပါက ကြီးပွားချမ်းသာလာမည် မဟုတ်ပေ။ မိမိ၌ ရရှိထားသော လောကီစည်းစိမ်များပင် ဆုတ်ယုတ်လာမည်သာ ဖြစ်၏။

ထို့အပြင် တာဝန်မကျေသော မိမိကို အကြောင်းပြု၍ မိမိ၏ မိသားစု၊ မိမိ၏ ညီအစ်ကိုမောင်နှမ၊ မိမိဆွေမျိုးအသိုင်းအ၀ိုင်း၊ မိမိရပ်ရွာ စသည် မိမိနှင့် စပ်ဆက်သမျှသော ပတ်ဝန်းကျင်လည်း မည်သည့်ကောင်းကျိုးမျှ ဖြစ်ထွန်းလာမည် မဟုတ်ပေ။ မိမိကို အကြောင်းပြု၍ ဆိုးကျိုးများသာ ဖြစ်လာမည် ဖြစ်၏။ ထိုကဲ့သို့ မဖြစ်စေရန် မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သင့်၏။

ထို့ကြောင့်ပင် ဆရာဇော်ဂျီက
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား၊
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည် အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏ ။
သင်၏အမျိုးသား၊
စာစကားလည်း ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ဟူသော ကဗျာဖြင့် မိမိဆွေမျိုး မိမိရပ်ရွာ မိမိနိုင်ငံ အတွက် တာဝန်ကျေပွန်သူများဖြစ်အောင် တိုက်တွန်းခဲ့သည်။

မြတ်ဗုဒ္ဓ၏ တရားတော်များတွင်လည်း လောကီနှင့် လောကုတ္တရာ တရားများကို ခွဲခြားဟောထားသည်ကိုလည်း တွေ့ရမည် ဖြစ်၏။ သောတာပန်ဖြစ်ချင်သော လူတစ်ယောက်သည် သောတာပန်ဖြစ်ကြောင်းတရားကို ကျင့်ရမည်ဖြစ်၏။ ယခု ပစ္စုပ္ပန်ဘ၀ ကြီးပွားချမ်းသာရရှိချင်သော လူတစ်ယောက်သည် ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရားများကို ကျင့်သုံးရမည် ဖြစ်၏။ သူ့ အကန့်နှင့်သူ လိုက်နာကျင့်ကြံရမည် ဖြစ်၏။

ထို့ကြောင့် မိမိ မိသားစု တိုးတက်စေချင်လျှင် ၊ မိမိ အဖွဲ့အစည်းတိုးတက်စေချင်လျှင် ၊ မိမိ နိုင်ငံ တိုးတက်စေချင်လျှင် မိမိတို့အပေါ် ကျရောက်လာသည့် ဘ၀ပေးတာဝန်ကို ကျေပွန်ရမည်ဖြစ်၏။ တာဝန်သိစိတ်ဖြင့် မိမိအပေါ်ကျရောက်လာသည့် တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်၏။ တစ်နည်းအားဖြင့် ကျရောက်လာသည့် တာဝန်ကို ယူရဲ့သည့် သတ္တိရှိရမည် ဖြစ်၏။ ထိုသို့ ကျရောက်လာသည့် တာဝန်ကို ယူရဲသည့် သတ္တိရှိမှသာ ကြီးပွားနိုင်မည် ဖြစ်၏။ မိမိဆွေမျိုးများလည်း ကြီးပွားလာမည် ဖြစ်၏။ မိမိရပ်ရွာလည်း ဂုဏ်ရှိလာမည် ဖြစ်၏။ မိမိကို အကြောင်းပြု၍ မိမိ ပတ်ဝန်းကျင်လည်း တိုးတက်လာနိုင်မည် ဖြစ်၏။

ယနေ့ မြတ်ဗုဒ္ဓ၏သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့ နှစ်ပေါင်း ၂၅၀၀ ကျော်အထိ တည်ရှိနေခြင်းမှာ အရှင်မဟာကဿပ ၊ အရှင်အာနန္ဒာ စသော မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ တာဝန်ကျေပွန်ခဲ့ကြသောကြောင့်ဖြစ်၏။ ပထမသင်္ဂါယနာပြီးသောအခါ ဒီဃနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်အရှင်အာနန္ဒာနှင့်တပည့်တို့အား တာဝန်ပေးကြ၏။ မစ္ဇျိမနိကာယ်
မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရှင်သာရိပုတ္တရာ၏ တပည့်များအား တာဝန်
ပေးကြ၏။ သံယုတ္တနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရှင်မဟာကဿပ
နှင့် တပည့်တို့အား တာဝန်ပေးကြ၏။ အင်္ဂုတ္တရနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်
ရှောက်ရန်အတွက် အရှင်အနုရုဒ္ဓ၏ တပည့်များအား တာဝန်ပေးကြ၏။ ယင်းမထေရ်မြတ်များကြီးများသည် ကျရောက်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြ၏။ ထိုမထေရ်မြတ်ကြီးများ၏ တာဝန်ကျေပွန်မှုကြောင့်“ ဗုဒ္ဓဘာသာ” ဟု ယနေ့ ရှိနေခြင်း ဖြစ်သည်။ အကယ်၍သာ ထိုမထေရ်မြတ်ကြီးများ တာဝန်မကျေပွန်ခဲ့ပါက ယနေ့ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ ဟူသော အသံကိုပင် ကြားရမည် မဟုတ်ပေ။ ဤသည်မှာ တာဝန်ကျေပွန်မှု၏ အကျိုးဆက်ဖြစ်၏။

ထို့ကြောင့် မိမိပတ်ဝန်းကျင် မိမိအဖွဲ့အစည်း မိမိ မိသားစု တိုးတတ်စေချင်လျှင် မိမိအပေါ်၌ ကျရောက်လာသည့် တာဝန်ကို ယူရဲရမည် ဖြစ်၏။ ထို့အပြင် မိမိတစ်ယောက်တည်း တာဝန်ကျေပွန်နေရုံမျှနှင့်လည်း မပြည့်စုံသေး ၊ ကျန်သည့် မိသားစုဝင်များလည်း ကိုယ်စီ တာဝန်ကျေပွန်အောင် တိုက်တွန်းပေးရမည် ဖြစ်၏။

သို့မှသာ ဘက်စုံ တိုးတက်လာနိုင်မည် ဖြစ်၏။ ထို့ကြောင့်ပင် စာဆိုတို့က
“ မင်း မပါ ဘယ်ဟာမှ မပြီး ၊ မင်းချည်းလဲ မပြီး
ငါ မပါ ဘယ်ဟာမှ မပြီး ငါချည်းလဲ မပြီး
သူ မပါ ဘယ်ဟာမှ မပြီး သူချည်းလဲ မပြီး
မင်း ငါ သူ အားလုံးစုံမှ အလုံးစုံပြီး လို့ ဆိုခဲ့ကြခြင်း ဖြစ်၏။

အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် မိမိ၏ ဇနီးမယား သမီး သားတို့ အပေါ်၌တာဝန်ကျေရမည် ဖြစ်၏။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနှင့် မိမိ၏ မိသားစုပြည့်စုံအောင် ပြုလုပ်ပေးရမည် ဟူသည်မှာ ၀တ္တရားအရ မဟုတ်ဘဲ တာဝန်အရ လုပ်ကို လုပ်ပေးရမည် ဖြစ်၏။ ပြည့်စုံကြွယ်ဝသော မိသားစုများကို လေ့လာကြည့်ပါက ကိုယ်စီ တာဝန်များ ကျေပွန်ကြသောကြောင့် ဖြစ်သည်ကို တွေ့ရမည်သာ ဖြစ်၏။

နိုင်ငံတစ်ခုတွင်လည်း သမ္မတသည် သမ္မတ တာဝန်ကို စတင် ထမ်းဆောင်သော အချိန်မှစ၍ တိုင်းသူ ပြည်သားတို့၏ လိုအပ်ချက်များကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် လုပ်ပေးရမည့် တာဝန်ရှိ၏။ နိုင်ငံ၏ သမ္မတတစ်ယောက်အနေဖြင့် တိုင်းသူ ပြည်သားတို့၏ လိုအပ်ချက်များ ပြည့်စုံအောင် တာဝန်အရ လုပ်ကို လုပ်ပေးရမည် ဖြစ်၏။ သမ္မတ တစ်ယောက်၏ တာဝန်မကျေပွန်လျှင် တိုင်းပြည်သည် ဆင်းရဲမည် ဖြစ်၏။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လာလျှင် မျက်နှာငယ်ရမည် ဖြစ်၏။ ထိုကဲ့သို့ မဖြစ်စေရန်မှာ သမ္မတတွင် တာဝန်အပြည့်အ၀ရှိ၏။ ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်သာ ဖြစ်၏။ ထိုတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ပါက မိမိကိုယ် အကြောင်းပြု၍ မိမိနိုင်ငံ ဆုတ်ယုတ်မည် ဖြစ်၏။

ထို့ကြောင့် မိမိတို့သည် မိမိတို့ မိသားစု မိမိဆွေမျိုး မိမိတို့ရပ်ရွာ ၊ မိမိတို့နိုင်ငံ တိုးတက်စေလိုပါလျှင်၊ ကြီးပွားစေလိုပါလျှင်၊ ဂုဏ်တက်စေလိုပါလျှင် ၊ မိမိကိုယ်တိုင် တာဝန်ကျေသူ တာဝန်ကို ယူရဲသူ ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ သို့မှသာ မိမိ မိသားစု မိမိဆွေမျိုး မိမိရပ်ရွာ မိမိနိုင်ငံသည် မိမိကို အကြောင်းပြု၍ တိုးတက် ကြီးပွား ဂုဏ်တက်လာနိုင်မည် ဖြစ်၏။ ။

Read More...

Sunday, June 27, 2010

ဗုဒ္ဓ၀င်

မလေးရှားက Miss Sharlinton ပို့လိုက်တဲ့ အီးမေးလ်ထဲကပါ။ ဘယ်သူတွေ ဖန်တီးထားသလဲတော့ မသိပါ။ အလွန်စိတ်ဝင်စားစရာကောင်းသလို လက်ရာလည်း အတော်မြောက်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မျှဝေလိုက်ပါတယ်။ နောက်ခံသမိုင်းကြောင်းတွေကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ပိုပြီး ပေါ်လွင်သွားအောင် ဓာတ်ပုံအောက်မှာ စာသားလေးတွေ ထည့်ပေးလိုက်ပါတယ်။ ကြည်ညိုနိုင်ကြပါစေ.........


ဒါကတော့ လူ့ပြည်ကို သွားပြီး ဘုရားဖြစ်ဖို့ မသွားခင်တွေ့ရတဲ့ ဘုရားအလောင်းတော်


မယ်တော်မာယာဝမ်းမှာ ပဋိသန္ဓေယူပါပြီ


ဘုရားအလောင်းတော် ဖွားမြင်ပြီ


မွေးခါစကတည်းမှာပဲ အနာဂတ်ကို ကြိုသိတဲ့ ကပိလရသေ့က ဂါရ၀ပြု


အာနာပါနကမ္မဋ္ဌာန်းစီးဖြန်း


လေးတော်တင်ပွဲ


ယသော်ဓရာနဲ့ လက်ထပ်


အကြင်လင်မယား တင့်တင့်တယ်တယ်


ဒါတွေ မြင်တော့ လောကကြီး စိတ်ကုန်လာတယ်


မောင်းမခြွေရံတွေ ဟိုပေါ်ဒီပေါ် သွားရေတွေတွဲကျ၊ ဒါတွေမြင်တော့ ပိုစိတ်ကုန်သွားတယ်


“နေရစ်ခဲ့တော့ ယသော်ရေ”


ကဏ္ဍက.. လာ... သွားမယ်.... ဒုက္ခရဲ့အဆုံးကို


တရားကျင့်ဖို့ဆိုရင် ဒီဆံပင်တွေ ဖြတ်ပစ်မှပဲ


ပဉ္စသီခနတ်သားက မလျော့မတင်း စောင်းကြိုးညှင်းသလို ကျင့်ဖို့ သတိပေးတယ်


ကောင်းကောင်း မစားရတာ ကြာတဲ့ ဘုရားလောင်းကို သုဇာတာက အချိန်ကိုက် နို့ဆွမ်းကပ်တယ်


ဘုရားလောင်း ရွှေခွက်မျှောတော့ ကာလနဂါးတောင် တစ်ရေးနိုးပြီ
“အော်... ဘုရားတစ်ဆူတောင် ပွင့်တော့မှာပါလား”......


အနှောက်အယှက်တွေ အမျိုးမျိုး................


အတားအဆီးတွေက အသွယ်သွယ်..............


ကိလေသာတွေကလည်း ဆွဲဆောင်တယ်..........


အတားအဆီး၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ အသွယ်သွယ်မှ လွတ်ပြီ.. ကျွတ်ပြီ၊ ဘုရားဖြစ်ပြီ...


ကြာက ညစ်ပတ်တဲ့ ရွှံ့ညွန်ထဲကနေ ကြည်လင်သန့်ရှင်းစွာ ပွင့်လာတယ်။ ငါက ကိလေသာ ဗွက်အိုင်ထဲနေ ဘုရားဖြစ်လာတယ်.....


ငြိမ်းချမ်းခြင်း ချမ်းသာအစစ်နဲ့ နေနေတယ်


ငါသိတာတွေကို လောကကို သိစေမယ်


လောကမှ ထွက်မြောက်ကြောင်းတွေကို ဟောနေတယ်


အလယ်အလတ်လမ်းနဲ့ သွားကြဖို့ ပဉ္စ၀ဂ္ဂီငါးဦးကို တရား စဟောတယ်


အိန္ဒိယမှာ အကြီးကျယ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်လာတယ်...


“လူနာတွေကို ပြုစုတာဟာ ငါ့ကို ပြုစုတာထက် မွန်မြတ်တယ်”
(ဗုဒ္ဓ)


အရှင်နန္ဒက သူ့မိန်းမကို စွဲနေတော့ “မင်းမိန်းမက ဟို နတ်သမီးတွေလောက် လှလို့လား”ဆိုပြီး သာသနာ့ဘောင်မြဲအောင် စည်းရုံးလိုက်တယ် ...


ဖခမည်းတော်၊ မွေးစားမေမေ၊ ပါရမီဖြည့်ဘက်၊ သားတော်လေးနဲ့ အမျိုးတွေ ရှိရာကို ရောက်လာခဲ့တယ်


သားတော်လေးက အမွေတောင်းတော့ ရှင်ပြုပေးလိုက်တယ် ....


အော်... သံယောဇဉ် .... သံယောဇဉ် ..........
“ယသော်ရေ... ငါဟောတဲ့အတိုင်းသာ ကျင့်တော့၊ မင်း ငါ့ကို လွမ်းမှာ မဟုတ်တော့ဘူး”


မွေးစားမေမေလည်း ဘိက္ခုနီ (ရဟန်းမ) ဖြစ်လာခဲ့တယ်


“ချစ်သားတို့ရေ... ငါ ထာဝရ ငြိမ်းအေးရာကို သွားရတော့မယ်၊ တရားကိုသာ ဆရာအဖြစ် ကိုးကွယ်ကြ”


မည်သို့ဆိုဆို မျက်ရည်ထိန်းနိုင်စွမ်း မရှိသူများ ငိုကြွေးကြလေတယ်....

Read More...

ထွက်ပေါက်

ငယ်ငယ်က သီတင်းကျွတ်အခါတိုင်း ၀င်္ကဘာထဲတွင် ပြေးလွှားရင်း ပျော်ရွှင်ခဲ့ဖူးသည်။ ကျောင်းဝင်းအကျယ်ကြီးထဲတွင် ၀င်္ကဘာကို အကြီးကြီး ဆောက်ထားသည်။ ၀င်္ကဘာတိုင်ထိပ်များတွင် ဆီမီးများ ထွန်းညှိကြသည်။ ၀င်္ကဘာသည် ၀င်ပေါက်တစ်ခုသာ ရှိပြီး ထွက်ပေါက်မှာလည်း ထိုဝင်ပေါက်ပင် ဖြစ်သည်။ တောသူတောင်သားလူကြီးများ ၀င်္ကဘာတည်ဆောက်ထားသည်မှာ အံ့သြစရာကောင်းလှသည်။ ၀င်္ကဘာ၏ အလည်ဗဟိုရ်တွင် ဘုရားစင်တည်ဆောက်ပြီး ဘုရားဆင်းတုတော်တစ်ဆူကို ထားရှိပူဇော်ကြသည်။ ၀င်္ကဘာပြုလုပ်ခြင်း၏ ရည်ရွယ်ချက်အတိအကျကို မသိရသော်လည်း ၀င်္ကဘာထဲသို့ လမ်းအသွယ်သွယ်ဖြင့် အလည်က ဘုရားဆင်းတုတော်ဆီ ရောက်အောင်သွားပြီး ပူဇော်ကန်တော့ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသလို ပျော်စရာလည်း အလွန်ကောင်းပါသည်။

လူ့လောကဖြစ်ရပ်များစွာကိုလည်း ၀င်္ကဘာဖြင့် ခိုင်းနှိုင်းပြောဆိုကြလေသည်။ သံသရာကို ၀င်္ကဘာဖြင့် နှိုင်းကြသည်။ ရှင်းရခက်သော ပြေလည်ဖို့ မလွယ်ကူသော ပြဿနာများကိုလည်း ၀င်္ကဘာဖြင့် နှိုင်းကြသည်။ “မင်းတို့ငါတို့အဖြစ်ကလည်း ၀င်္ကဘာထဲ လမ်းလျှောက်နေရသလိုပါပဲကွာ”စသည်ဖြင့် ပြောကြသည်။ “ဒါလေးကို ဒီလို တွက်လိုက်ရင် လွယ်နေတာပဲ၊ ၀င်္ကဘာမလုပ်ချင်စမ်းပါနဲ့ကွာ”ဟု ပြောလေ့ရှိသော ငယ်ငယ်က ကျောင်းအုပ်ဆရာကြီး ပြောသောစကားကိုလည်း အမှတ်ရသည်။ မည်သို့မျှ ဖြေရှင်း၍ မပြေလည်နိုင်ကြသော ချစ်ရေးချစ်ရာကိစ္စများကိုလည်း “အချစ်ဝင်္ကဘာ”ဟု သုံးနှုန်းကြပြန်သေးသည်။ ချုပ်လိုက်လျှင် ရှင်းရန်ခက်သော ဝေ့လည်ကြောင်ပတ်ဖြစ်နေသော ဆုံးခန်းတိုင်ဖို့ခက်နေသော ပြဿနာအရပ်ရပ် ဖြစ်ရပ်အထွေထွေကို ၀င်္ကဘာဟု တင်စားနိုင်လေသည်။

ဝင်္ကဘာထဲလမ်းလျှောက်လျှင် ဘယ်သို့ ညာသို့ ဝေခွဲမရအောင်ဖြစ်နေသော လမ်းများကို တွေ့ရမည်။ တစ်ခါတစ်ရံ ဘယ်ဘက်ကွေ့ရမည် ထင်ပြီး ကွေ့သွားလိုက်လျှင် မူရင်းလမ်းသို့ နောက်ပြန်ရောက်သွားတတ်သည်။ သံသရာနှင့်ချီပြီးပြောရလျှင် ကျွန်ုပ်တို့ ပုထုဇဉ်အဖြစ်နှင့် သံသရာလည်နေမိပြီဆိုကတည်းက ၀င်္ကဘာလမ်းစထဲသို့ ချဉ်းနင်းခဲ့ပြီ ဖြစ်ပါသည်။ ဤဘ၀အဖြစ်ကိုသာ ရည်ညွှန်းလိုလျှင်လည်း အမိဝမ်းတွင်းမှ လူ့အဖြစ်ကို ရယူပြီးချိန်မှစတင်ပြီး ၀င်္ကဘာထဲသို့ ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ လူ့ဘ၀အဖြစ်သည်ပင် ၀င်္ကဘာဖြစ်လို့ နေရပြန်သည်။ ထို့ထက်ပိုပြီး မိမိတို့ ရင်ဆိုင်နေရသော ဖြစ်ရပ်များ၊ လုပ်ငန်းဆောင်တာများ၊ တိုင်းရေးပြည်ရေး၊ မိသားစုအရေး၊ လူမှုဆက်ဆံရေး၊ နှလုံးသားရေးစသော ဘ၀၏အစိတ်အပိုင်း ဖြစ်ရပ်လေးများအားလုံးကိုလည်း ၀င်္ကဘာနှင့် တင်စားနိုင်မည်ဟု ထင်သည်။ သံသရာဝင်္ကဘာထဲမှ လက်ရှိဘ၀ ၀င်္ကဘာ၊ လက်ရှိဘ၀ ၀င်္ကဘာထဲမှ ကြုံတွေ့နေရသော ဖြစ်ရပ်ဝင်္ကဘာဟု အဆင့်ဆင့် ကြုံတွေ့နေရပေမည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည် ၀င်္ကဘာထဲသို့ ၀င်လာခဲ့ပြီးဖြစ်၍ ရှောင်လွှဲ၍ မရတော့ပါ။ ဆက်လက်လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀င်္ကဘာထဲတွင် တ၀ဲလည်လည်လုပ်ရင်း အားလုံးကို လက်မြှောက်အရှုံးပေးလိုက်နိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ထွက်ပေါက်ကို မျှော်လင့်လို့ ရနိုင်တော့မည် မဟုတ်ပါ။ ၀င်္ကဘာအတွင်းရောက်နေပြီးဖြစ်၍ “ငါကတော့ မရတော့ဘူး။ နောက်ပဲ ပြန်ဆုတ်တော့မယ်”ဟု ဆိုပြီး နောက်ဆုတ်လျှင်လည်း ထွက်ပေါက်ကို ရောက်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဝင်္ကဘာအတွင်းမှ ရသင့်ယူသင့်သော တန်ဖိုး သို့မဟုတ် ကျေနပ်ဖွယ် အနေအထားကို ရရှိပြီးမှ ထွက်လမ်းကို ဆက်ရှာလျှင် ၀င်္ကဘာထဲ ရောက်လာရခြင်း၏ အကျိုးတရားကို ရယူနိုင်ဖွယ်ရှိသည်။

ရှေးလူကြီးများ တီထွင်ခဲ့သော ၀င်္ကဘာသည် လမ်းပေါင်းများစွာဖြင့် ရှုပ်ထွေးပွေလီနေသော်လည်း ထွက်ပေါက်ကား အသေအချာ ရှိနေပါသည်။ ထို့အတူပင် သံသရာကြီးက မည်မျှရှည်လျားရှုပ်ထွေးနေသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ လူ့ဘ၀ကြီးက မည်မျှနက်နဲရှုပ်ထွေးသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲပြဿနာအားလုံးသည်လည်း ရှုပ်ထွေးပြီး လမ်းစပျောက်နေတတ်သည်။ သို့ရာတွင် အားလုံးတွင် ထွက်ပေါက်က ရှိနေပါသည်။

အမှန်အားဖြင့် မည်သည့်နေရာ၊ မည်သည့်အခက်အခဲတွင်မဆို ထွက်ပေါက်ရှိနေသည်ကို လူတိုင်း သိကြပါသည်။ သိသဖြင့်လည်း အဆိုပါ ထွက်ပေါက်သို့ အားထုတ်ပြေးဝင်နေကြသည်။ သို့ရာတွင် ထွက်ပေါက်ကို ပုံသေသတ်မှတ်ထား၍ မရ၊ ထွက်ပေါက်ကို အလွယ်တကူ ရောက်ရှိမည်ဟု အထင်သေးအမြင်သေး မဖြစ်စေရ။ ထွက်ပေါက်ကို အထင်သေးမိသည်နှင့်တစ်ပြိုင်နက် လမ်းစပျောက်ဖို့ အခြေအနေများသည်။ ထွက်ပေါက်မှနေပြီး လွတ်မြောက်ရာ မရောက်မချင်း အချိန်မရွေး အခက်အခဲတွေ့နိုင်သည်ဟု သိရှိထားရမည်။

ထွက်ပေါက်သို့ အမြန်ရောက်ဖို့အတွက် ဆောင်ထားရမည့် လက်နက်မှာ အခြားမဟုတ်၊ မလျှော့သော ဇွဲစိတ်ဓာတ်ပင် ဖြစ်သည်။
မည်သူမဆို တစ်နေရာရာ၌ မွန်းကြပ်ပိတ်လှောင်နေသည်ဟု ခံစားရသောအခါ ထွက်ပေါက်ကို ရှာချင်သည်။ တွေ့ချင်သည်။ နယ်တွင် လူငယ်လေးတစ်ယောက်ရှိသည်။ သူသည် မိဘနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ သူ့ချစ်သူနှင့်ဖြစ်စေ အဆင်မပြေမှုများ ကြုံတွေ့တိုင်း ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေဖို့ ကြံစည်တတ်လေသည်။ အကြိမ်များစွာ ကြိုးစားသည်။ သို့ရာတွင် အခုချိန်ထိ အထမမြောက်ခဲ့။ သူ့ကိုယ်သူတော့ ကိုယ့်ကိုကိုယ် သတ်သေခြင်းမှာ သူ့ထွက်ပေါက်ဟု ယူဆထားပုံရသည်။

ထိုလူငယ်လေးလိုပင် လူအများစုသည် ကိုယ့်ကိုကိုယ် သတ်သေသည့်ကိစ္စ မဟုတ်သည့်တိုင် ထွက်ပေါက်ကို အမျိုးမျိုး ဖန်တီးပြီး ရှာကြသည်။ အိမ်က မိန်းမနှင့် အဆင်မပြေလို့ ပြည့်တန်ဆာနှင့် ပျော်သည်။ စိတ်ညစ်လို့ အရက်ကို သောက်သည်။ ဖြစ်ချင်ရာ မဖြစ်လို့ အရက်သမားကြီး ဖြစ်လာခဲ့သည်။ လောကကြီးကို ငြီးငွေ့လို့ ရိပ်သာဝင်သည်။ ဘုန်းကြီးဝတ်သွားသည်။ သီလရှင်ဝတ်သွားသည်။ လောကထဲတွင် မွန်းကြပ်လို့၊ မိသားစုအတွင်း တည်ငြိမ်မှု မရလို့၊ ချစ်သူနှင့် သဘောထား မတိုက်ဆိုင်လို့၊ အကြောင်းပြချက်များစွာဖြင့် ကျွန်ုပ်တို့ ထွက်ပေါက်ကို ရှာနေကြလေသည်။

ဤနေရာတွင် “ထွက်ပေါက်”ဆိုသည်ကို သတိထားကြမိဖို့ ဖြစ်ပါသည်။ ၀င်္ကဘာထဲတွင် ကိုယ်က ထွက်ပေါက်ဟု ထင်ထားခဲ့သော လမ်းများသည် “ပို၍ရှုပ်ထွေးသောလမ်းများ၏ အစ” ဖြစ်နေတတ်သည်။ ဆိုလိုသည်မှာ “ဤမွန်းကြပ်မှု၏ ထွက်ပေါက်သည် ထိုမွန်းကြပ်မှု၏ ၀င်ပေါက်”ဖြစ်နေတတ်သည်။ ချစ်သူရည်းစားနှင့်အဆင်မပြေသဖြင့် အရက်ကို သောက်မိသူသည် အရက်ကျေးကျွန်ဘ၀၏ ၀င်ပေါက်ဖြစ်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထွက်ပေါက်မှားမိပြီဆိုလျှင် “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ….”ဆိုသကဲ့သို့ ဆက်လက်နစ်မျောသွားတတ်ကြလေသည်။

အမှန်အားဖြင့် ထွက်ပေါက်၏ အဆုံးသည် လွတ်လပ်မှု ဖြစ်နေသင့်သည်ဟု တစ်ထစ်ချ မှတ်ယူထားသင့်သည်။ ထွက်ပေါက်၏ အဆုံးသည် “လွတ်လပ်မှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖူလုံမှု”တို့ ဖြစ်နေစေရမည်။ လူ့ဘ၀တည်းဟူသော ပင်မ၀င်ပေါက်ကြီးသို့ ၀င်လာခဲ့ကြပြီးဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် ဘ၀၀င်္ကဘာထဲတွင် ၀င်ပေါက်အသေးများ၊ ထွက်ပေါက်အသေးများ များစွာကို ဖြတ်သန်းကြရမည် ဖြစ်သည်။ ထွက်ပေါက်မမှားကြဖို့တော့ လူ၏ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်သိက္ခာ၊ တန်ဖိုးများကို ထိန်းသိမ်းခြင်းနှင့် များစွာ ဆက်စပ်တည်မှီနေပါလိမ့်မည်။

မှန်ကန်တည့်မတ်သော ထွက်ပေါက်ကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ဆိုလျှင် မိမိရောက်ရှိနေသော ဘ၀ဖြစ်တည်မှုနှင့် မိမိလျှောက်လှမ်းမိနေသော လမ်းကို သေချာသုံးသပ်ဖို့ လိုပါလိမ့်မည်။ ထွက်ပေါက်များအကြောင်း စဉ်းစားရင်း “ညီငယ်၊ ညီမငယ်များရဲ့….စိတ်ထွက်ပေါက် မမှားကြစေနဲ့”ဟူသော ဆရာတစ်ဦး၏ စကားလေးက ခေါင်းထဲ ရစ်ဝဲလာနေတော့သည်။

Read More...